ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အတွက်ဘာတွေပြင်ဆင်ထားရမလဲ။ Interview with Myanmar Labour News

cover
profile
Jul 11, 2022

တောင်ကိုရီးယားအလုပ်အကိုင်အတွက်  EPS စာမေးပွဲကို ၂ နှစ်ကြာ ရပ်ဆိုင်းထားရာက ဖြေဆိုခွင့်လျှောက်လွှာတွေကို ၂၀၂၂ ဇူလိုင်လ ၇ ရက်မှ ၂၃ ရက်အထိ အွန်လိုင်းမှ လက်ခံပေးသွားမှာဖြစ်ပြီး ဖြေဆိုရမဲ့ရက် နဲ့ စာစစ်ဌာနတွေကို ဩဂုတ်လနှင့် အောက်တိုဘာလတွေမှာ အသိပေးသွားမှာဖြစ်ပါတယ်။ 


အဆိုပါ စာမေးပွဲတွင် ကုန်ထုတ်လုပ်ငန်းအတွက် ၇၀၄၅ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်  ၅၉၅ ဦး၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ၁၄၈၅ ဦးတို့ကို အောင်မြင်မှုပေးသွားမှာဖြစ်ပါတယ်။ ပြည်ပထွက်ခွင့် တားမြစ်ခံရသူ၊ ထောင်ကျဖူးသူ၊ ကိုရီးယားမှ နှင်ထုတ်ခံရသူတွေ ဖြေဆိုခွင့်မရပါ။မမှန်မကန်ဖြေပါက ဖြေဆိုခွင့် ၄ နှစ် ပိတ်ပြီး တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကိုရီးယားကို သွားရောက်လုပ်ကိုင်ချင်တဲ့ သူတွေ အနေနဲ့ ဘယ်လိုပြင်ဆင်ကြရမလဲနဲ့ သူတို့ရဲ့ အခက်အခဲတွေကို WBO ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ ဦးဝင်းဗိုလ်ဦး ကိုမေးမြန်းထားပါတယ်။ 


MLN - ပထမ မေးခွန်းအနေနဲ့က ကိုရီယားကို သွားရောက်လုပ်ကိုင်ချင်သူတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရှိပါသလဲ။
WBO - ကိုရီးယာ အလုပ်အကိုင်မှာ ဆိုရင် လုပ်ငန်းသစ်တွေက ဘာတွေရှိလဲဆိုတော့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ရမဲ့ ကုန်ထုတ်လုပ်ငန်းရှိတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေး လုပ်ငန်း ရှိမယ်။ ဆောင်လုပ်ရေးလုပ်ငန်းတွေ ရှိပါတယ်။ အဲဒီမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်လို့ ရပါတယ်။ 


MLN - ကိုရီယားကို သွားရောက်လုပ်ကိုင်ချင်သူတွေဟာ ဘယ်အချက်အလက်ကို ပြင်ဆင်ထားဖို့ လိုပါသလဲ။ 
WBO - ကိုရီးယားကို သွားရောက်လုပ်ကိုင်တော့မယ်ဆိုရင် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား ဖြစ်ရပါမယ်။ ပတ်စပိုစ့်ရှိရမယ်။ ကိုရီးယား ဘာသာစကား အရည်အချင်းစစ်ဖို့အတွက် ဘာသာစကားသင်တန်း တက်ထားရပါမယ်။ ဒါမှ စာမေးပွဲ ကျင်းပတဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေက ဘာတွေရှိမလဲဆိုရင် နိုင်ငံခြားကို ထွက်ခွာဖို့ တားမြစ်ခြင်း မခံရတဲ့ သူတွေ ရှိမယ်။ တက်တူးနဲ့ မျက်မှန်ရှိတဲ့ သူတွေလည်း သွားလို့ ရပါတယ်။ 


MLN - ဆောင်ရန် ရှောင်ရန်တွေက ဘာတွေရှိမလဲ။ 
WBO - နိုင်ငံခြားကို ထွက်ခွာဖို့ တားမြစ်ခြင်း ခံရတဲ့သူတွေ မဖြစ်ရဘူး။ ကျန်းမာရေးအနေနဲ့ဆိုရင် HIV ၊ ကာလသား၊ အသည်းရောင်အသားဝါ၊ ဘီပိုး၊ စီပိုးအဲဒီရောဂါတွေ ကင်းစင်ရပါမယ်။ အဲဒါပြီးရင် အဆုတ်မှာ အမာရွက် ရှိ/ မရှိ အဲဒီ ဆေးစစ်ချက်တွေ ပို့ပေးရပါမယ်။ ဒါတွေ အောင်မြင်မှာသာ သွားလို့ ရမှာပါ။ 


ဘာအကြံပြုချင်သလဲဆိုရင် သင်တန်း မတက်ခင်မှာ ကိုယ်နဲ့ နီးစပ်ရာ ဆေးခန်းကိုသွားပြီးတော့ အရင်ဆုံး မျက်လုံးအရောင် ခွဲခြားနိုင်မှု စစ်ဆေးသင့်ပါတယ်။ အဲဒါအောင်မှ ကျန်တဲ့ သွေးစစ်တာတွေ၊ အဆုတ်ကို ဓါတ်မှန်ရိုက်တာတွေက လုပ်သင့်ပါတယ်။ အဲဒါတွေ အောင်မြင်မှသာ သင်တန်းတက်တာက အဆင်ပြေဆုံး ဖြစ်မှာပါ။ တချို့က မစစ်ဆေးဘဲ သင်တန်းတက်လိုက်ပြီးမှ စာမေးပွဲအောင်ပြီးမှ စစ်ဆေးခါမှ ဆေးကျတယ်ဆိုရင် အချိန်ရော၊ ငွေတွေရော ဆုံးရှုံးမှာ စိုးရိမ်လို့ပါ။ 


MLN- ကိုရီးယားသွားချင်တဲ့ သူတွေ ပြင်ဆင်မှုအပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။ 
WBO - ကိုရီးယား စာမေးပွဲက အရင်က ၃ လပိုင်းဆိုရင် ကြေညာတယ်။ ကြေညာပြီး တစ်လ/နှစ်လ နေတာနဲ့ စာမေးပွဲ ချက်ချင်းစစ်တာပါ။ ကိုရီးယားစာမေးပွဲကို ဖြေဆိုသူ များပြားလာတာနဲ့ တစ်လ/နှစ်လနဲ့ မရဘူးခင်ဗျ။ အနည်းဆုံး ၅လ လောက် လေ့လာမှ အဆင်ပြေမယ်ခင်ဗျ။ 


MLN - စာရွက်စာတမ်းကိစ္စတွေလို အစိုးရဝန်ဆောင်မှု ယူရတဲ့ အပိုင်းကရော လက်ရှိမှာ အဆင်ပြေရဲလား။ 
WBO - အခုကတော့ နှောင့်နှေးနေတာတော့ ရှိတာပေါ့။ တခြားနိုင်ငံတွေဆိုရင် လုပ်သား ၃၀၀/၄၀၀ ထွက်ရှိနေချိန်မှာ ကိုယ်တွေဆီကတော့ ၁၀၀/၁၅၀ အဲလောက်လေးပဲ ထွက်နိုင်သေးတယ်။ ၇လပိုင်းမှာတော့ လေယာဉ်လည်း နှစ်ကြောင်း ပြေးဆွဲတော့မယ်လို့ ကြားတယ်။ လူများများ ခေါ်နိုင်မှာလားလို့တော့ စောင့်ကြည့်ရမှာပေါ့။ လက်ရှိအခြေအနေမှာ အခက်အခဲရှိတာက ဘာရှိလဲဆိုရင် ပတ်စပို့စ်ကိစ္စ၊ ကိုရီးယားက စာမေးပွဲ လျှောက်လွှာတင်တဲ့ အခါမှာ ပတ်စပို့ရှိမှ ဖြစ်ပါတယ်။ ပတ်စပို့စ်ရှိမှ ဖြစ်တေ့ာ ပတ်စပို့စ်က ရက်အကန့်အသတ်နဲ့ တင်ရမှာဆိုတော့ ပုံမှန် လမ်းရိုးအတိုင်းသွားမယ်ဆိုရင် အဆင်မပြေဘူး။ ပုံမှန်အတိုင်းသွားရင် ရက်တွေက အရမ်းကြာတယ်။ ဒီတော့ ပွဲစားတွေနဲ့ လုပ်ရတယ်။ ဈေးတွေက အဆမတန်မြောက်တာပေါ့။ နယ်တွေမှာကိုပဲ ပွဲစားကို ၂သိန်းအထိ ပေးပြီး လုပ်နေရတာတွေ ရှိတယ်။ 


MLN - အခုကိုရီးယားကို သွားတာက G to G ဆိုတော့ သွားဖို့ ပြင်ဆင်နေတဲ့ သူတွေရဲ့ အခက်အခဲကို ပြေလည်အောင် ဘယ်လိုမျိုး လုပ်သင့်ပါသလဲ။ 
WBO - စာမေးပွဲမှာ ဖောင်တင်ရမဲ့ ရက်နဲ့ ဖြေရမဲ့ ရက်ကို နည်းနည်း ခွာပြီး ကြေညာပေးတာလေးပေါ့။ ပြီးရင် ပတ်စပို့စ် လုပ်နေတာမှာ အခက်အခဲဖြစ်နေတဲ့ဟာတွေ အခုက တော်တော် ကြန့်ကြာပါတယ်။ တချို့ ရန်ကုန်က သူတွေဆိုရင် တောင်ကြီး၊ မြဝတီ၊ ထားဝယ်ဘက်တွေကို သွားလုပ်ရတယ်။ ချောင်တဲ့ နေရာတွေ လိုက်ရှာပြီး လုပ်နေရတာပါ။ ဒီအချိန်မှာ အခက်အခဲဖြစ်နေတာက ပတ်စပို့စ်ကိစ္စပါပဲ။ 


MLN - ၂၀၂၁ ဒီဇင်ဘာမှ စတင်ကာ ယခုအချိန်အထိ ကိုရီးယားကို လုပ်သားစေလွှတ်နေသော်လည်း Job Officer စောင့်ဆိုင်းနေတဲ့ သူ ၁၂/၁၃ ကြိမ်က EPS အောင်ထားတဲ့ သူတွေ ထောင်ချီ ရှိနေတယ်လို့ သိရပါတယ်။ သူတို့ အခြေအနေက ဘယ်လိုရှိပါသလဲ။ သက်တမ်းတိုးဖို့ မေတ္တာရပ်ခံထားတာလည်း တွေ့ပါတယ်။
WBO - လက်ရှိက အလုပ်ခေါ်စာရထားတဲ့ သူတွေကို CCVI သက်တမ်းတို့ ဘာတို့ကို တိုးပေးမယ်လို့ ကြေညာထားပါတယ်။ ဗီစာလျှောက်ခွင့်သက်တမ်းတို့ပေါ့။ တချို့က အလုပ်ခေါ်စာကို မကျသေးဘဲနဲ့ ကျန်နေတဲ့ လုပ်သားတွေလည်း ရှိတယ်။ သူတို့ကို အသင့်သုံးသမားတွေလို့ ခေါ်တာပေါ့။ စာမေးပွဲအောင်ထားတဲ့ သူတွေပေါ့။ အလုပ်ခေါ်စာ ကျတယ်ဆိုရင် အဆင့်၄/၅ တို့ပေါ့။ စာမေးပွဲအောင်ထားတဲ့ အဆင့် ၃ သမားတွေကို ရုံးက သက်တမ်း တိုးပေးမလားဆိုတာ မသိသေးဘူးခင်ဗျ ။ ပြီးရင် Cancel သမားတွေလည်း ရှိသေးတယ်။ သူတို့ကို ဘယ်လိုလုပ်ပေးမယ်ဆိုတာ တိတိကျကျထုတ်ပြန်ထားတာ မရှိသေးဘူ။ ဆရာ/ဆရာမများ အသင်းအဖွဲ့အနေနဲ့ကလည်း သူတို့တွေကို ကျောင်းသားတွေအတွက် မေတ္တာရပ်ခံစာ ပို့ထားတာတော့ ရှိပါတယ်ခင်ဗျ။ 
MLN - Cancel သမားဆိုတာ နည်းနည်း ရှင်းပြပေးပါလား။ 
WBO- Cancel သမားဆိုတာက ကိုရီးယား စက်ရုံတွေက သူတို့ကို ခေါ်ပြီးသွားပြီ။ စာချုပ်တွေ ချုပ်ပြီးသွားပြီ။ ကိုဗစ်တွေဖြစ်တော့ ကြန့်ကြာသွားတယ်။ ကိုဗစ်ဖြစ်တော့ မြန်မာက ကိုဗစ်ဆိုးဝါးတဲ့ စာရင်းထဲ ပါနေတော့ ကိုရီးယားက မြန်မာအလုပ်သမားတွေကို အခေါ်ပိတ်လိုက်တယ်။ မြန်မာပြည်က အလုပ်သမားတွေက မလာနိုင်တော့ ကိုဗစ်ကာလမှာ ကမ္ဘောဒီယားတို့ ဘာတို့ဘက်က  အလုပ်သမားတွေကို ပြောင်းခေါ်တဲ့အတွက်ကြောင့် ဒီက ခေါ်ထားတဲ့ အလုပ်သမားတွေကို Cancel လုပ်ပစ်လိုက်တာပါ။ 
MLN - ကိုရီးယားကို သွားမယ်ဆိုရင် စုစုပေါင်း ကုန်ကျစရိတ်က ဘယ်လောက် ရှိပါသလဲ။ 
WBO - သူတို့က သင်တန်းတက်တော့မယ်ဆိုရင် ဆေးစစ်ရမယ်။ ဆေးစစ်ရင် သုံးသောင်းဝန်းကျင်ကုန်မယ်။ ပြီးရင်  သင်တန်းကြေးက ၂/၃ သိန်းဝန်းကျင်ရှိမယ်။ ပတ်စပိုစ့် လုပ်ခရှိမယ်။ စာမေးပွဲဖောင်တင်ကြေး ၂၄ ဒေါ်လာရှိမယ်။ ရေးဖြေရော၊ လူတွေရော အောင်ပြီးဆိုရင် ၈မိုင်ရုံးမှာ ကိုရီးယာဘက်ကို အလုပ်ဖောင်တင်ရတယ်။ အလုပ်ဖောင်တင်တဲ့အခါမှာ သူဌေးနဲ့ တွေ့ပြီး စာချုပ် ချုပ်ပြီးဆိုရင် ကိုရီးယားကို ထွက်ရင် ဗီဇာလျှောက်ခ ကုန်မယ်။ အစိုးရက အာမခံ ၁၅ သိန်းသွင်းရပါတယ်။ ပြီးရင် လေယာဉ်လက်မှတ်ခရှိမယ်။ အရင်က သွားမယ်ဆိုရင် ၃၀/၃၅ ဝန်းကျင်ကုန်မယ်။ အခုကတော့ ခန့်မှန်းက (၅၀) ဝန်းကျင် ကုန်မယ်ထင်ပါတယ်။ 
MLN - ကိုရီးယားကို သွားရောက် လုပ်ကိုင်ချင်တဲ့ လူတွေအတွက် ဘာများဖြည့်စွက်ပြီး ပြောချင်တာ ရှိပါသလဲ။
WBO - ကိုရီးယားကတော့ ဥပဒေအရရော ကောင်းမွန်တဲ့ နိုင်ငံဆိုတော့ သွားဖို့တော့ စဉ်းစားသင့်တယ်။ တစ်ချက်တော့ ရှိတယ်။ သူက အချိန်ပေးရတယ်။ စာကြည့်ရတယ်။ ဒါပေမဲ့ လစာအနေနဲ့က ဒီနှစ် ၂၀၂၃ အတွက် လစာတိုးသွားပြီ။ တစ်နာရီကို ဝမ် ၉၆၂၀ ဖြစ်သွားပြီး။ အဲဒါ မြန်မာငွေနဲ့ တွက်ကြည့်ရင် တစ်နာရီကို ၁၂၀၀၀ လောက်ရတယ်ခင်ဗျ။ တစ်နေ့ကို တစ်သိန်းနီးပါးလောက်ရတယ်။ တစ်လကို ၃၅ ဝန်းကျင် ရတယ်ပေါ့နော်။ အချိန်ပေးပြီးတော့ လေ့လာရသလို လစာက တချို့နိုင်ငံတွေနဲ့ အတော်ကွာဟတဲ့အတွက် နောက်ပိုင်းလူငယ်တွေကို အားပေးတာကတော့ နိုင်ငံအခြေအနေကလည်း ကောင်းတယ်။ အာမခံလည်းရှိတော့ ကိုရီးယားကို သွားဖို့ ရွေးချယ်သင့်ပါတယ်ခင်ဗျ။ 
MLN - အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 
 

2.5K Views

Related News

cover
ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦးကို အလုပ်ရှင်မှလစာမပေးတဲ့အပြင် ညှင်းပန်းနှိပ်စက် အဓမ္မစေခိုင်းခံရ
Mar 3, 2023
cover
ပျောက်ဆုံးသွားသော အနာဂတ်များ
Mar 2, 2023
cover
စက်ရုံအလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာသွားရောက်လုပ်ကိုင်ဖို့ အကူညီတောင်းခံသူ ၄၀၀ ၀န်းကျင်အထိရှိလာ
Mar 1, 2023
cover
ထိုင်းမှာမိသားစုလိုက် အသတ်ခံရပြီးနောက် မြန်မာအလုပ်သမားတွေ ပိုက်စိပ်တိုက်ဖမ်းဆီးခံနေရ
Feb 15, 2023
cover
၂ ရက်ဆက်တိုက်ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံအချုပ်ခန်းအတွင်းက ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာတွေကို အသုတ်လိုက်ခွဲပြီးပြန်လည်ပို့ဆောင်ပေးမယ်လို့ဆို
Jan 30, 2023
cover
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင်ရှာဖွေရာမှာ လိမ်လည်မှုတွေ ခံနေရ
Dec 16, 2022
cover
ထိုင်းကနာမည်ကြီးပင်လယ်စာစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုကာ မြန်မာလုပ်သားများလိမ်လည်ခံရမှု ထိုင်းအစိုးရဖြေရှင်းမည်
Dec 10, 2022
cover
ဒူဘိုင်းမှာအခက်အခဲဖြစ်နေသည့်မြန်မာအိမ်အကူလုပ်သား ၁၁ဦးကိုပြန်ခေါ်ဆောင်နိုင်ခဲ့
Dec 3, 2022
cover
ကျွန်မတို့ရဲ့တစ်နေ့လုပ်ခ ၄၈၀၀ နှုန်းက စားဆီငါးဆယ်သားတစ်ဗူးပဲရပါတယ်။
Oct 31, 2022
cover
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိုင်းမှာ တိုက်ပွဲပြင်းထန်ခြင်းကြောင့် MoU လုပ်သား၁၅၀၀ ခန့်ပိတ်မိနေ
Oct 21, 2022



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle