NEWS

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
325 Views
 
ပြည်ပ နိုင်ငံတွေ ကို လုပ်သား စေလွှတ်ပေးနေတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တွေ အနေနဲ့ ရက်၉၀ ကျော်လွန်တဲ့ အထိ လိုင်စင်သက်တမ်းတိုး အတွက် တင်ပြခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၆ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
 
ပြည်ပအလုပ်ကိုင်အကျိုးဆောင် လုပ်ငန်း အတွက် လိုက်နာရမယ့် စည်းကမ်းချက်များတွင် လိုင်စင်သက်တမ်းမကုန်မီ ၂လ ကြိုတင် သက်တမ်းတိုးခွင့်ကို တင်ပြရမှာဖြစ်သလို သက်တမ်းကုန်ဆုံး ပြီးပါက ရက်ပေါင်း ၉၀ မတိုင်မီ တင်ပြရမယ်လို့ ဆိုပါတယ်။
 
တကယ်လို့ ရက်၉၀ ကျော်လွန်တဲ့ အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ အကျိုးဆောင်လိုင်စင် ကို ကာလ အကန့်အသတ်နဲ့ ပိတ်ခံထားရတဲ့ အေဂျင်စီတွေ အနေနဲ့ လည်း ပုံမှန်အတိုင်း သက်တမ်းတိုးခွင့်ကို သက်တမ်းမကုန်မီ ၂လ ကြိုတင် အချိန်မီတင်ပြရမယ်လို့ လည်း ဆိုပါတယ်။
ပြည်ပလုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ကို ယခုနှစ်စ ကစပြီး စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက တင်းကြပ်စွာ ပိတ်ပင်ကန့်သက် တာတွေ ကြောင့်လိုင်စင်ရအေဂျင်စီတွေမှာ လုပ်ငန်း လည်ပတ်မှု မရှိတော့ဘဲ အကြပ်တည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ အေဂျင်စီတွေထံက သိရပါတယ်။
 
ဒါကြောင့် အေဂျင်စီ တွေ အနေနဲ့ ပြည်ပလုပ်သား ဈေးကွက်အခြေအနေနဲ့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန က သတ်မှတ်ထားတဲ့ လုပ်ငန်းစေလွှတ်ရေး လုပ်ငန်းစဉ် တွေ အပေါ် ချင့်ချိန်ပြီး အေဂျင်စီ လိုင်စင်သက်တမ်းတိုးဖို့ကို စဉ်းစားနေကြရတယ်လို့ ပြောပါတယ်။
 
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာန က လိုင်စင် ထုတ်ပေးထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီ ၅၆၀ ကျော်ရှိပြီး ယခုနှစ်အတွင်း အေဂျင်စီ လိုင်စင် အသစ် လျှောက်ထားသူ မရှိဘူးလို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026