ထိုင်းနိုင်ငံစမွတ်စခွန်ခရိုင် ၊မဟာချိုင်နယ်မြေရှိအလုပ်သမားတန်းလျားတစ်ခုမှာ ဘတ် ခေါ် ပန်းရောင်ကတ် တင်ရန်စောင့်နေသောမြန်မာလုပ်သား ၁၃၁ဦးကို အောက်တိုဘာ ၁၆ ရက် ညနေသုံးနာရီမှာထိုင်းအာဏာပိုင် တွေကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှသိရပါတယ်။
အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ဘတ် ခေါ် ပန်းရောင်ကတ်ပြုလုပ်ခြင်းအပါအဝင် ပွဲစားကြေးတစ်ဦးလျှင် သိန်း၈၀ခန့်ပေးကာ ထိုင်းနိုင်ငံသို့နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
"မြန်မာပြည်ကနေ ထိုင်းအရောက် ပန်းရောင်ဘတ် လုပ်ခအပါ တစ်ဦးလျှင် ကျပ်သိန်း ၈၀ ငွေလက်ငင်းပေး
ပြီး ခိုးနေကြရတဲ့ မြန်မာပြည်သား လူဦးရေ (၁၃၁) ဦးကိုထိုင်းအာဏာပိုင်တွေ က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်"လို့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံကိုရဲမင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံမှထိုင်းနိုင်ငံကို လာရောက်ပြီး အခြေခံအလုပ်သမားအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ၊ပန်းရောင်ကတ်ပြုလုပ်ပေးခြင်းကိုအောက်တိုဘာ ၁၅ ရက်နေ့စတင်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှကြေညာပြီးနောက် အောက်တိုဘာ၁၆ရက်တွင် ထိလွယ်ခိုက်လွယ်တဲ့ နယ်စပ်ပြသနာကြောင့် ဘတ် ခေါ် ပန်းရောင်ကတ်ပြုလုပ်ခြင်းကိုယာယီရွှေ့ဆိုင်းကြောင်းကြေညာပြိီး ညနေတွင် မြန်မာအလုပ်သမားများဝင်ရောက်အဖမ်းအဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။