NEWS

အိုးဘိုထောင်တွင်းအစာငတ်ခံဆန္ဒပြသူတစ်ဦး အသက်အန္တရာယ်စိုးရိမ်နေရ

CoverLogo
607 Views

မန္တလေး၊ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒထုတ်ဖော်နေတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုနောင်ထက်အောင်ဟာ အသက် အန္တရာယ်စိုးရိမ်နေရတယ်လို့ကျောင်းသား သမဂ္ဂ အဖွဲ့က ထုတ်ပြန်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ''အခု ကြားရတဲ့အတိုင်းပဲ။ ဒါပေမယ့် နိုင်ကျဥ်းတွေရဲ့ အသက်အန္တရာယ်ကိုတော့ အလွန်အမင်းစိုးရိမ်မိတယ်။ ထောင်တွင်းဖိနှိပ်မှူတွေ နှိပ်စက်မှုတွေရှိနေတယ်ဆိုတာ ဒါကလည်းအမှန်ပါပဲ''လို့  ပြောပါတယ်။

အဆိုပါအကျဥ်းသားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်၂၅ရက်က အင်းစိန်ထောင်တွင်းတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို   အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တယ်လို့ ကြေညာခဲ့တာကြောင့် ထောင်တွင်းတိုက်ပွဲကို ဇူလိုင်၂၈ရက်ကစတင်ကာ ပြုလုပ်ခဲ့တာဖြစ်တာပြီး  ထောင်တွင်းဆန္ဒပြမှုတွေကြောင့် လက်ရှိမှာဖိနှိပ်မှုတွေ နှိပ်စက်ခံရမှုတွေလည်း ရှိနေတယ်လို့နိုင်ငံရေးအကျဥ်းသားများထံမှ သိရပါတယ်။

ထောင်တွင်း အစာငတ်ခံဆန္ဒထုတ်ဖော်နေသူများအနက်  ကိုနောင်ထက်အောင်ဟာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ နောက်ကျောဒဏ်ရာများရရှိထားပြီး အသက်အန္တာရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ဗကသအဖွဲ့ချုပ်ကလည်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ထောင်တွင်းအစာငတ်ခံဆန္ဒပြနေသူတွေဟာ အကြမ်းမဖက်အမြင့်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ယင်းအတွက် NUG က အသံကျယ်ကျယ်လောင်လောင်ထွက်ပေးဖို့နဲ့သတင်းမီဒီယာတွေသတင်းတငိဆက်မှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆို ထားပါတယ်​။

အကျဥ်းသားတွေဟာ  ထောင်အာဏာပိုင်များနှင့် မပူးပေါင်းရေးတိုက်ပွဲအဖြစ်စတင်လှုပ်ရှားခြင်းဖြစ်တာကြောင့် စျေးဘားလို့ခေါ်တဲ့ ထောင်ကတဆင့်ဈေးမှာဝယ်ယူ​ခြင်းတွေ မပြုလုပ်ခြင်းကိုလည်း  စတင်ပြုလုပ်နေပြီး နိုင်/ကျဥ်းများအနေဖြင့် မတရားနိုင်ထက်စီးနင်း အကြမ်းဖက်ခြင်းခံရသူများအားလုံးနှင့် တသားတည်းရပ်တည်၍ တရားမျှတမှုအတွက် အဆုံးတိုင်ရင်ဆိုင်တိုက်ပွဲ၀င်သွားမည်မယ်လို့လည်း နိုင်ငံရေးအကျဥ်းသားတွေက ဇူလိုင်၂၉ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

MyanmarLabourNews
နိုင်ငံရေးအကျဉ်းသား


Related posts

Cover
အမျိုးသားတွေ ပြည်ပ‌ရွှေ့ပြောင်းအလုပ်လုပ်ခွင့် ပိတ်ပင်မှု လက်ခံနိုင်ဖွယ်မရှိဟုဆို
May 02, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024