NEWS

အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

CoverLogo
34 Views
ထိုင်းရေနံကုမ္ပဏီတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ Gulf Petroleum Myanmar တို့အနေနဲ့ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသော မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)သို့ အခွန်ပေးဆောင်ခြင်း နဲ့ ငွေပေးချေမှုတွေ ချက်ချင်းရပ်တန့်ထားသင့်တယ်လို့ မြန်မာ့လူ့အခွင့်ရေးလှုပ်ရှားနေသော အဖွဲ့တစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ က ထုတ်ပြန်ပါတယ်။
 
စစ်တပ်က ထိန်းချုပ်ထားသော MOGE ကို အခွန်ငွေပေးဆောင်နေခြင်းဟာ စစ်တပ်က ပြည်သူလူထုကို ကျူးလွန်နေသော စစ်ရာဇဝတ်မှုတွေကို အထောက်အပံ့ဖြစ်စေမယ့် စစ်လက်နက်ဝယ်ယူရေး နဲ့ စစ်အသုံးစရိတ်တွေကို အထောက်အပံ့ဖြစ်မှာ ဖြစ်တယ်လို့ ထိုအဖွဲ့က ဆိုပါတယ်။
 
ထိုင်းကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum Myanmar တို့ဟာ ဥရောပရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ Total, Chevron နဲ့ မလေးရှားကုမ္ပဏီ Petronas တို့ မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက် စီမံကိန်းတွေကနေ ထွက်သွားပြီးနောက် ၎င်းတို့ရဲ့ ရှယ်ယာတွေကို MOGE နဲ့အတူ ခွဲဝေယူပြီး စစ်အုပ်စုကို ရေနံနဲ့ ဓာတ်ငွေ့အခွန်ငွေ ဆက်လက် ထောက်ပံ့လျက်ရှိနေတာဖြစ်ပါတယ်။
 
ဒါ့အပြင် ထိုင်းရေနံကုမ္ပဏီတွေဟာ ယခုနှစ် ၂၀၂၅ အတွင်းမှာပင် အောင်သိင်္ခ နဲ့ မင်းရဲသူ အမည်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ နဲ့ ရေနံတူးဖော်ရေး စီမံကိန်းသစ်တွေအတွက် လက်မှတ်ထိုး ဆောင်ရွက်နေပြီး ၂၀၂၈ ခုနှစ် မှာ စတင်ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါသေးတယ်။
 
ရှိနှင့်ပြီးသား ဇောတိက စီမံကိန်းတွင်လည်း ရေနံတွင်းသစ် တူးဖော်ဆောင်ရွက်နေပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
 
MOGE နဲ့ ရေနံအခွန်ငွေတွေဟာ စစ်အုပ်စုအတွက် တရားဝင် နိုင်ငံခြားဝင်ငွေရ လမ်းကြောင်းဖြစ်နေပြီး စစ်အုပ်စု လိုအပ်နေတဲ့ လေယာဉ်ဆီ၊ လေယာဉ်နဲ့ အခြား နည်းပညာဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ ငွေကြေးလမ်းကြောင်းလည်း ဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။
 
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် Myanmar Energy Monitor ၏ ထုတ်ပြန်ချက်အရမုတ္တမ ပင်လယ်ကွေ့ရှိ ရတနာစီမံကိန်းတွင် PTTEP ကုမ္ပဏီဟာ ရှယ်ယာ ၆၂ ဒသမ ၉၆၃ ရာခိုင်နှုန်း ဖြင့် ဦးဆောင်လုပ်ကိုင်နေသလို ဇောတိကစီမံကိန်းတွင်လည်း ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
 
အာဏာသိမ်းမြန်မာစစ်တပ်အတွက် စစ်လက်နက်တွေ ဝယ်ယူရန်အတွက် လိုအပ်သော နိုင်ငံခြားငွေများကို MOGE ထံမှ အများဆုံးရရှိနေခြင်းဖြစ်၍ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေက ဒေါ်လာ နဲ့ ယူရို ဖြင့် ငွေပေးချေမှုများကို ပိတ်ပင်ထားပါတယ်။
 
စစ်ကော်မရှင်အတွက် ထိုအကျပ်အတည်းကို ရှောင်ရှားနိုင်ရန် ထိုင်းရေနံကုမ္ပဏီများဟာ MOGE သို့ ငွေပေးချေမှုများအတွက် ထိုင်းဘဏ်များ နဲ့ ထိုင်းဘတ်ငွေတို့ဖြင့် အသုံးပြုငွေပေးချေကာ ဆက်လက်ထောက်ပံ့နေလျက်ရှိနေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ဆိုပါတယ်။
 
ထို့ကြောင့် ထိုင်းရေနံကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum Myanmar တွေဟာ စစ်အုပ်စုရဲ့ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ခြင်းဖြင့် ပါဝင်ပတ်သက်နေ၍ တာဝန်ယူတာဝန်ခံရမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ပါတယ်။
 
ဒါ့အပြင် ရေနံ နဲ့ သဘာ၀ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းအသစ်လုပ်ဆောင်ရေး စာချုပ်ချုပ်မှုများကို ရပ်တန့်ရမှာဖြစ်သလို MOGE သို့ ပေးဆောင်နေသော အခွန်များကိုလည်း စစ်အုပ်စုအသုံးပြုခွင့်မရနိုင်ရေး အတ်စ်ခရိုးအကောင့် (Escrow Account) ထဲတွင် သိမ်းဆည်းရန် တာဝန်ရှိကြောင်း ဆိုထားပါသေးတယ်။
 
မြန်မာ့ရေနံ နဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE သည် နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က အပြည့်အ၀ထိန်းချုပ်လိုက်ပြီး MOGE က ရရှိသော နိုင်ငံခြားအားလုံးကို စစ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုလျက်ရှိပါတယ်။
 
MOGE ဝင်ငွေသည် နိုင်ငံ၏ နိုင်ငံခြားငွေ ၇၀-၈၀ ရာခိုင်နှုန်းခန့်အထိ ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီရှိပါတယ်။
 
စစ်အုပ်စုဟာ MOGE မှ ရရှိသော ဝင်ငွေများဖြင့် ပြည်သူများကို နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန်၊ စစ်ကြောင်းထိုး တိုက်ခိုက်ရန်အတွက် လိုအပ်သော စစ်လက်နက်၊ ခဲယမ်းများ၊ လေယာဉ်ဆီ၊ တိုက်လေယာဉ် အပါအဝင် စစ်ဘက်ဆိုင်ရာနည်းပညာများဝယ်ယူရေးအတွက် အသုံးပြုနေလျက်ရှိနေပါတယ်။

Related posts

Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025
Cover
CDM ကျန်းမာရေးဝန်ထမ်းများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်အလုပ်မခန့်ရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရုပ်သိမ်း
Nov 03, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ
Oct 03, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025