NEWS

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ထောင်တွင်းနှိပ်စက်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိထား

CoverLogo
491 Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS - TUsF  Myanmar အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ဟာ ထောင်တွင်းနှိပ်စက်ခံရမှုကြောင့် ဦး ခေါင်းဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ရက်ပိုင်းက  အကျဉ်းသားတွေရဲ့အခွင့်အရေးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတစ်ခုက  ထောင်တွင်းသို့ဝင်ရောက်စစ်ဆေးစဉ် ထုတ်ဖော်ပြောဆိုမှုကြောင့် အလုပ်သမားရေးဆောင်ရွက်သူ အလုပ်သမားခေါင်းဆောင် သက်နှင်းအောင်အပါအဝင်နိုင်ငံရေးအရ မတရားအကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၃ ဦးကို ထောင်တွင်းရိုက်နှက် နှိပ်စက်ပြီး တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။ 

 

“ဦးခေါင်းမှာ ဒဏ်ရာရထားတယ်လို့ ကြားထားပေမဲ့ ဒဏ်ရာရဲ့အခြေအနေကိုတော့  အတိအကျမသိရသေးပါဘူး။ ထောင်တွင်းမှာ  အကျဉ်းသားတွေရဲ့  အခွင့်အရေးဆုံးရှုံးမှုတွေကို ဝင်စစ်ဆေးတဲ့ အဖွဲ့တစ်ခုကိုပြောလို့ဆိုပြီး  နှိပ်စက်ခံရတာလို့ သိရပါတယ်။

ကျွန်တော်တို့ဒီလိုဆိုးရွားတဲ့ လုပ်ရပ်ကိုလုံးဝလက်ခံဖို့လည်း မရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း  အကြောင်းကြားထားပြီးဖြစ်ပါတယ်။ စစ်တပ်အနေနဲ့လည်း အခုလိုအခွင့်အရေးချိုးဖောက်မှုတွေကြောင့်  အရေးယူပိတ်ဆို့မှုတွေကို  ဆက်လက်ရင်ဆိုင်လာရလိမ့်မယ်ထင်ပါတယ်” လို့ MICS မှ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ 

 

၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ စစ်ကောင်စီက ကိုသက်နှင်းအောင်ကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ် ချခဲ့တာဖြစ်ပါတယ်။ 

 

အဲဒီနောက် ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်မှာ ကိုသက်နှင်းအောင် ထောင်က လွတ်မြောက်ခဲ့ပေမဲ့ အဲဒီလွတ်မြောက်ခဲ့တဲ့နေ့မှာတင်ပဲ  စစ်ကောင်စီက  ပြန်လည်ဖမ်းဆီးခဲ့ပြီး ကိုသက်နှင်းအောင်ကို  စစ်ကောင်စီက ၅၂/က နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

 

"သိပ်မကြာခင် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ မြန်မာကိုအရေးယူဖို့လုပ်နေတဲ့  ကိစ္စရပ်တွေရှိနေတာဖြစ်လို့  ယခုလိုအလုပ်သမားခေါင်းဆောင်ကို နှိပ်စက်မှုတွေကြောင့် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကို  စစ်ကောင်စီအနေနဲ့  မလွဲမသွေရင်ဆိုင်ရတော့မှာဖြစ်တယ်လို့လည်း MICS  အဖွဲ့ဝင်ကဆိုပါတယ်။  

 

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို နယ်သာလန်နိုင်ငံကလည်း  လူထုထောက်ခံတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ချွင်းချက်မရှိပြန်လည်လွှတ်ပေးဖို့ တောင်းဆိုမှုကမ်ပိန်းတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026