NEWS

အပြစ်မဲ့အရပ်သားတွေအပေါ်စစ်ရာဇဝတ်မှု့ကျူးလွန်နေတဲ့စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ဖို့နဲ့အမြန်ဆုံးအရေးယူဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကို NUCC တောင်းဆို

CoverLogo
1K Views

၂၀၂၁ခုနှစ်နိုဝင်ဘာလနှောင်းပိုင်းနှင့်ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ကယား(ကရင်နီပြည်နယ်)တွေမှာလူပေါင်း ၄၆ ဦးကိုအရှင်လတ်လတ်မီးရှို့သတ်မှု့အပါအဝင်စစ်အာဏာသိမ်းကာလ ၁၁ လအတွင်းအပြစ်မဲ့ပြည်သူတွေအပေါ်စစ်ကောင်စီကျူးလွန်ခဲ့တဲ့အမျိုးမျိုးသောစစ်ရာဇဝတ်မှု့တွေအပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအဖွဲ့အစည်း၊နိုင်ငံတကာအစိုးရများမှအမြန်ဆုံးအရေးယူပေးဖို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကယမန်နေ့မှာပဲကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့ကြညာချက်ထဲမှာ-ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများအနေနဲ့
စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ရေး၊ နိုင်ငံတကာ ခုံရုံးများတွင် အရေးယူနိုင်ရေး၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးနှင့် စစ်ဘေးဒုက္ခသည်များကို အကူအညီပေးရေး ကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က ယနေ့တောင်းဆိုလိုက်သည်လို့ဖော်ပြပါရှိပါတယ်။ 

 

 


 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026