NEWS

အင်တာနက်သုံးစွဲခြင်းကို စစ်ကောင်စီဟန့်တားထားတဲ့အတွက် ပြည်သူ​တွေ သဘာဝဘေး သတင်းအချက်လက်တွေ အချိန်နဲ့တပြေးညီ သိရှိရန်ခက်ခဲနေ

CoverLogo
236 Views

မြန်မာနိုင်ငံ အတွင်း လူမှုကွန်ယက် ​ဖေ့ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာနဲ့ အင်တာနက် သုံးစွဲမှုကိုစစ်ကောင်စီက နည်းပညာသုံးပြီး ဟန့်တားထားတဲ့အတွက်သဘာဝဘေး သတင်းအချက်လက်တွေ ကို ပြည်သူတွေ အနေနဲ့ အချိန်နဲ့တပြေးညီ သိရှိဖို့ခက်​ခဲ​နေပါတယ်။

လူသုံးများတဲ့ ​ဖေ့ဘွတ်ခ် အပါအဝင် အချို့ လူမှုကွန်ယက် စာမျက်နှာ တွေကို ပြည်သူတွေ သုံးစွဲ လို့ မရအောင် စစ်ကောင်စီ က ပြည်ပက နေ ပညာရှင် တွေ ခေါ်ယူ ပြီး လုပ်ဆောင် ထားပေမယ့် လက်တလော အရေးပေါ်ဖြစ်နေတဲ့ သဘာဝဘေး အခြေနေ တွေ ကိုတော့ စစ်​ကောင်စီလက်​အောက်ခံ ဝန်ကြီးဌာန​တွေက သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာ တွေကနေ ပဲ သတင်း ထုတ်ပြန်တာ များနေပါတယ်။

""ဖေ့ဘုတ်ခ် က VPN အခက်ခဲ ကြောင့် သုံးလို့ အဆင်မပြေဘူး အခု တနိုင်ငံလုံး ရေတွေ ကြီးနေတာ သဘာဝဘေးတွေ ဖြစ်နေတာ တွေ ကို ဒီဖေ့ဘုတ် စာမျက်နှာကပဲ သိရတာ လေ သူတို့ဝန်ကြီးဌာနက အသိပေးကြေညာတာကလည်း ဖေ့ဘုတ် page တွေကပဲ များတာ အဲ့တော့ အရေးပေါ် သတိပေးချက်တွေ ကို အချိန်နဲ့တပြေးညီ ပြည်သူတွေ မသိရှိရဘူး တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဘေးကင်းဖို့ လုပ်နေရတာ တွေကြောင့် ဆုံးရှုံးတာတွေ ပိုများတာပေါ့"လို​့ပြည်သူတစ်ဦးကပြောပါတယ်။

လက်တလောမှာလဲ တိုင်းနဲ့ပြည်နယ် နေရာ အတော်များများမှာ ရေကြီးနစ်မြုပ်မှု တွေ ဖြစ်ပေါ်နေပြီး ဒေသ အတွင်း လူမှုကူညီရေး အသင်း တွေက အခက်ခဲ ဖြစ်နေတဲ့ ပြည်သူတွေ ကို ကူညီကယ်ဆယ်ပေးဖို့ အတွက် လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာ တွေကနေ အသင်းရဲ့ ဖုန်းနံပတ် တွေကို ကြေညာပေးတာတွေ ၊မြစ်ရေ မြင့်တတ်မှုအခြေနေ ၊လမ်းပန်းဆက်သွယ်ရေး အခြေနေတို့ကို အသင်းရဲ့လူမှုကွန်ယက်ဖေ့ဘုတ်စ် စာမျက်နှာကပဲ ကြေညာပေးတာ များတယ်လို့ ဆိုပါတယ်။

"" မြစ်ရေတက်လာလို့ အိမ်ထဲနေလို့မရရင်တောင် အကူညီတောင်းဖို့ဆိုတာက လူမှုကူညီရေးအသင်းတွေရဲ့ ဖုန်းနံပတ် တွေ သိမှ ဖုန်းဆက်အကူညီတောင်းလို့ရမှာလေ ဖေ့ဘုတ်မှာတော့အသင်းတွေရဲ့ ဖုန်းနံပတ်တွေ ကြေညာထားပေမယ့် ဖေ့ဘုတ်က vpn အခက်ခဲ တွေ နဲ့ သုံးမရလို့ အချိန်တပြေးညီ မကယ်ထုတ်နိုင်ရင် ပြည်သူတွေ အတွက် စိုးရိမ်စရာ
ပဲ လမ်းခရီးတစ်ခု သွားဖို့ မြစ်ရေလမ်းပေါ်ကျော်နေလား တံတားကျိုး နေလား ဒါတွေ ကို သိရမှ ဘေးကင်းမှာပေါ့ အခုတော့ အချိန်နဲ့တပြေးညီမသိရတော့ ပြည်သူတွေ အခက်ခဲ နဲ့ ဆုံးရှုံးမှုတွေဖြစ်တာပေါ့""လို့ မော်လမြိုင်မြို့ကဒေသခံတစ်ဦးကပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ပြည်သူတွေ အတွက် လက်တလော ဖြစ်ပေါ်နေတဲ့ မိုးရွာသွန်းမှုအခြေနေ၊မြစ်ရေကြီးမှုအခြေနေ နဲ့ သတိပေးချက်တွေကို Facebook စာမျက်နှာကပဲ အဓိကထား အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေးနေသလိုဆည်မြောင်း တာတမံ တွေရဲ့ ရေဝင်ရောက်မှု အခြေနေ သတိပေးချက်တွေကို လည်း Facebook စာမျက်နှာကပဲ သတိပေးချက်တွေ တင်ပြနေတာတွေ တွေ့ရပါတယ်။

" ​ကျွန်မတို့ ပဲခူးကမနှစ်က ​ရေတစ်ခါမြုပ်လို့အများကြီးဆုံးရှုံးရပြီးပြီ အခုလည်း​ရေ​တွေတက်​​နေတယ် ဘယ်​နေရာ​တွေ​ရောက်​နေပြီလဲသိရဖို့ vpn အရင်ချိတ်ရတယ် TV ကလည်းမီးပျက်​နေရင်ဘာမှလုပ်မရဘူး​လေ ဒီလိုအ​ခြေအ​နေမှာ အခုလိုပိတ်ထားတာ ကျမတို့ ရည်ရွယ်ချက်ရှိရှိ ​သေလမ်းပို့​နေသလိုပဲ" လို့ ​ပဲခူးမြို့က ပြည်သူတစ်ဦးက​ပြောပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026