NEWS

အကျဉ်းသား​တွေရဲ့ ကိုယ်ရေးအချက်လက်​တွေကိုထောင်အာဏာပိုင်တွေက ထပ်မံကောက်ယူနေတဲ့အ​ပေါ် စိုးရိမ်မှုရှိ​နေ

CoverLogo
296 Views

မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ စစ်ကောင်စီလက် အောက်ခံ အကျဉ်းထောင် ​တွေမှာ မှာ အကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်အချို့ကို ထောင်အာဏာပိုင်တွေက ထပ်မံကောက်ယူတာတွေ ပြုလုပ်နေတဲ့ အတွက် မဲ မသာမာမူနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကို အကျဉ်းသားတွေ အနေနဲ့ စိုးရိမ်နေတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားပါတယ်။ 

၂၀၂၄ခုနှစ် စက်တင်ဘာလက စပြီး အကျဉ်းသား၊အကျဥ်းသူတွေရဲ့ အချက်အလက်အချို့ကို ထောင်အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။ 

အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့  မေးမြန်းမှုများတွင် အကျဉ်းသား/သူတွေရဲ့ အမည်၊ အဘအမည်၊အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် 
အိမ်ထောင်ရှိမရှိစတာတွေကို အဓိက မေးမြန်းလျက်ရှိတယ်လို့ သိရပါတယ်။ 

အကျဉ်းထောင် စ ရောက်ရှိ ချိန်မှာလည်း ကိုယ်ရေးအချက်အလက် ၃၂ချက် ကို ကောက်ထား ပြီး ဖြစ်တဲ့ အတွက် အခုလို ကိုယ်ရေးအချက်အလက် တွေ ထပ်မံ ကောက်ယူမှု အပေါ် နိုင်ငံရေးအကျဉ်းသား တွေ အနေနဲ့ စိုးရိမ်မှု များရှိနေတယ်လို့ ဆိုပါတယ်။ 

လက်ရှိ မှာလည်း  စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင် ဖို့ အတွက် သန်းခေါင်စာရင်းကောက်ယူတာတွေ  ပြု‌လုပ်နေတာကြောင့်  အကျဉ်းသားတွေဟာ  မဲပေးခွင့်မရှိပေမယ့် လည်း မဲမသမာမှုများနဲ့ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း ကို  ဖြစ်ပေါ်လာမှာကို လည်း  စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ လာမယ့် ၂၀၂၅ နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။ 

Photo-PPNM

 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025