NEWS

ဟွန်ဆန် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာ၊ ခရီးစဉ်လုံခြုံရေးအာမမခံဟု တော်လှန်ရေးအင်အားစုပြော

CoverLogo
1.4K Views

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ဒီကနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ သိရပါတယ်။

အခုလို အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင်နှင့်လာရောက်တွေ့ဆုံသည့်အပေါ် ခရီးစဉ်လုံခြုံရေး အာမမခံဘူးလို့ နေပြည်တော်အခြေစိုက် ပျဉ်းမနားတော်လှန်ရေးတပ်မတော်  PRA က ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ကို အရှေ့တောင်အာရှနိုင်ငံများအသင်းမှာ နေရာပြန်ရဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က ကျိုးစားနေတယ်ဆိုပြီး ပြောဆိုနေတဲ့ ဒီခရီးစဉ်ဟာ ဇန်နဝါရီ ၇ ရက်ကနေ ၈ ရက်အထိ ကြာမြင့်မှာပါ။

မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း  ပြုလုပ်တဲ့ အာဆီယံအသင်းဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး နိုင်ငံခေါင်းဆောင်များကြား ဘုံသဘောတူချက် ၅ ချက်ကို ခေါင်းငြိမ့်သဘောတူခဲ့ပေမယ့် မြန်မာနိုင်ငံကို ပြန်ရောက်ပြီးအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာတွေပဲ အကောက်အတည်ဖော်နိုင်မယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ ။

အဲ့ဒီနောက်ပိုင်း မြန်မာနိုင်ငံအာဆီယံ ကိုယ်စားလှယ် လာရောက်ဖို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် ဘုံသဘောတူချက်တွေကို ဖေါက်ဖျက်တာကြောင့် အာဆီယံ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ  မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားမပြုသူပဲ တက်ရောက်ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုနိုင်ငံတကာအသိုင်းအဝန်းကြား ဝင်ဆံမှုမရှိတဲ့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံအသင်းဝင် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို နဲ့လည်း ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲရလဒ်တွေ ထုတ်ပြန်တာ မရှိပေမယ့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုဝီဝီက အာဆီယံ ဘုံသဘောတူချက် ၅ ချက်ကို အကောင်အတည်မဖော်ရင် အာဆီယံအစည်းအဝေးတိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးကိုယ်စားမပြုသူပဲ တက်ရောက်ခွင့် ရမယ့်သဘောထား ပြောင်းလဲမှာ မဟုတ်ဘူးဆိုပြီး တွစ်တာမှာ ရေးသားထားပါတယ်။

ဟွန်ဆန် မြန်မာနိုင်ငံကိုလာရောက်မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာအဖွဲ့အစည်းအချို့က ခရီးစဉ်ဖျက်သိမ်းဖို့ တောင်းဆိုကြသလို ပြည်တွင်းအင်းအာစုတွေကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

 


 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025