NEWS

သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့အထဲ မြန်မာစစ်ကောင်စီဟာ အဆိုးရွားဆုံးထောင်မှူးဖြစ်လာ

CoverLogo
418 Views

၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့အထဲ မြန်မာနိုင်ငံစစ်ကောင်စီရဲ့ သတင်းထောက် တွေအပေါ်ဖမ်းဆီးထောင်ချမှုဟာ အဆိုးရွားဆုံးထောင်မှူးဖြစ်လာတယ်လို့ USAID ကဆိုပါတယ်။ 

နိုဝင်ဘာ ၂၅ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုအစီ စဉ်နဲ့ပတ်သက်ပြီး USAID က (၁၆) ရက်တာလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ "မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မီဒီယာလောကမှာရှိတဲ့ အမျိုးသမီးတွေရဲ့ သတ္တိနဲ့ ကြံကြံ့ခံမှုကို မိမိတို့ လေးစားဂုဏ်ပြုပါတယ်။ သင်တို့ရဲ့အသံဟာ အရေးကြီးပါတယ်" လို့ ထုတ်ဖော်ထားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပထမဦးဆုံးပြုလုပ်မှုဟာသတင်းထောက် တွေက်ိုဖမ်းဆီးတာတွေ ဖိနှိပ်တာတွေနဲ့ သတင်းအမှန်ထုတ်ဖော်ခွင့်ပိတ်ဆို့မှုတွေကို ဦးစွာပြုလုပ်ခဲ့တာဖြစ်လို့ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာခဲ့တာလို့ဆိုထားတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၄ သြဂုတ်လအထိ သတင်းထောက်ပေါင်း ၁၇၂ ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ ကြရပြီး သူတို့ထဲမှာ အမျိုးသား ၁၄၄ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက်ပါဝင်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ 

စစ်အစိုးရရဲ့ ဖြိုခွင်းမှုဟာ သတင်းမီဒီယာအဖွဲ့အစည်းတွေ ၈၇ ရာခိုင်နှုန်းကို အကျိုးသက်ရောက်ခဲ့ပြီး မီဒီယာကဏ္ဍမှာမှာ လုပ်နေကြတဲ့ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ နှိပ်စက်ကလူပြုခံရမှု၊ ထောင်သွင်းအကျဉ်းချခံရမှုတွေအပါအဝင် ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ 

အဲ့ဒီလိုအမှုပေါင်းများစွာဟာလည်း မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ကြဘူးလို့ USAIDက ၎င်းတို့ရဲ့လေ့လာသုံးသပ်မှုတွေအရ ထုတ်ဖော်ထားတာဖြစ်ပါတယ်။ 

စစ်ကောင်စီက သတင်းမီဒီယာတွေကို အသံတိတ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရဲစွမ်းသတ္တိရှင် သတင်းထောက်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ကြံ့ကြံ့ခံဆက်လက်ရပ်တည်ပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ အမှန်တရားတွေကို ဆက်ပြီးအစီရင်ခံတင်ပြနေကြတာဖြစ်လို့ USAID ဟာ အရေးပေါ်အခြေအနေအတွက်အကူအညီအထောက်အပံ့နဲ့ ဥပဒေဆိုင်ရာ အကူအညီအထောက်အပံ့တွေဆောင်ရွက်တာဖြစ်သလို သတင်းထောက်တွေကို ကာကွယ်ပေးနိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026