ဝက်လက်မြို့နယ် အရှေ့ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ပိုင်းက ဘုရားကုန်းကျေးရွာအတွင်း က နေအိမ်အချို့ကို စစ်ကောင်စီတပ်တွေ မီးရှို့တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ အရေးနိမ့်ပြီး ဆုတ်ခွါနေတုန်း စစ်ရဟတ်ယာဉ်တွေ ရောက်လာပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဝတ်လက် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က ဘုရားကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာကနေ ၂ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ် ယောက် ကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နိုင်ငံအတွင်းက ပြည်နယ်အချို့မှာ လေကြာင်းက တိုက်ခိုက်တာတွေ ပြုလုပ်ထားသလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကနီ၊ ဒီပဲအင်း၊ ပင်လယ်ဘူး မြို့နယ်တွေမှာလည်း လေကြောင်းက တိုက်ခိုက်တာတွေ ပြုလုပ်ထားပါတယ်။