အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black Lists စာရင်းကနေ ပယ်ဖျက် ဖြေ လျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ရက်မှာသတင်းထုတ်ပြန် လိုက်ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများကနိုင်ငံ့ဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုး နဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန်ခွာသွားတဲ့ အတွက် သက်ဆိုင်ရာဌာနများ မှာ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျှက်ရှိနေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျှက်ရှိတယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါနစ်နာမှု တွေ ကို ကုစားပေးနိုင် ဖို့ ယင်းဝန်ထမ်း တွေ ကို လုပ်ငန်းခွင်စွန့်ခွာရ တဲ့ အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။
ဒါကြောင့် အမည်မည်းစာရင်းကနေပယ်ဖျက်လိုတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဇူလိုင် ၁၅ရက်က စပြီး သက်ဆိုင်ရာဌာန တွေ ကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။
NEWS
လုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပယ်ဖျက် ပေးမယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်

464 Views
Related posts

ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026

စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026

စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026

အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026

လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026

မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026

မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
