NEWS

ရန်ကုန်၊ ပဲခူးဒေသမှာတိုက်ပွဲတွေ စတင်တော့မယ် လို့ NUG ပြော

CoverLogo
200 Views

ရန်ကုန် နဲ့ ပဲခူး ဒေသတွေကို နယ်မြေ စိုးမိုးဖို့ အတွက် တိုက်ပွဲတွေ စတင်တော့မယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ 

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ လက်ရုံး တပ်ဖွဲ့ ဝင်တွေ ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက် တွေ့ဆုံ ရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

 

""ဒီနေ့ တပ်တွေရွှေ့တော့မယ်၊ အခုလို တပ်တွေရွှေ့ရတဲ့ ရည်ရွယ်ချက်က ရန်ကုန်၊ ပဲခူးဒေသ တွေ ပြန်လည်စိုးမိုးဖို့ ဒီကနေ့ ရွှေ့တာဟာ တပ်ထွက်တာပဲ၊ တိုက်ပွဲတွေ စတော့မယ်ပေါ့၊ မင်းတို့ သင်တန်းတွေလည်း ပြီးဆုံးသွားပြီ၊ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ၊ မင်းတို ကြံကြံခံနိုင်တဲ့အတွက်လည်း ဂုဏ်ပြုတယ်လို့ " NUGအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

 

လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့လည်း အောင်မြင်မှု တွေ အများကြီး ရရှိနေပြီး အာဏာရှင်စနစ် ပျောက်မှသာနိုင်ငံ ဖွံဖြိုး တိုးတတ်လာမှာ ဖြစ်တယ်လို့လဲ ဆိုထားပါတယ်။ 

 

ဒါ့အပြင် အောင်မြင်ခါ နီးလေ သွေးခွဲမှု တွေ လည်း ရှိလာတဲ့ အတွက်  ရည်ရွယ်ချက်တွေ မပျောက်မပျောက်စေဘဲ သွေးခွဲမှု တွေ ကို နားမယောင် ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောထားပါတယ်။ 

 

လက်ရှိမှာလည်း ပဲခူးတိုင်း အတွင်း မြို့နယ် အချို့မှာ တိုက်ပွဲ တွေ ဖြစ်ပေါ်လျက်ရှိသလို ရန်ကုန်တိုင်း အတွင်း မှာ လည်း အာဏာပိုင်တွေ ရဲ့ ရုံး အဆောက်အဦးနဲ့ လူပုဂ္ဂိုလ်တွေကို  ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ ဝင်တွေ မှ ပစ်ခတ် သတိပေး တာမျိုးတွေ မကြာမကြာ ဖြစ်ပေါ်နေပါတယ်။ 

 


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025