NEWS

ရန်ကုန်မြို့ ဗိုလ်တထောင်တွင် ပန်းပန်သူမိန်းကလေးနှစ်ဦးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရ

CoverLogo
354 Views

ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့  ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အဖြစ် ပန်းသပိတ်ကို ပြည်သူအားလုံးဆင်နွှဲလျှက်ရှိပါတယ်။ 

ရန်ကုန်မြို့ဗိုလ်တထောင်ဘုရားအနီးမှာတော့  ပန်းပန်သူမိန်းကလေးနှစ်ဦးကို ပုဒ်မ၅၀၅ ဖြင့် ဒီကနေ့နေ့လည်၁၂နာရီဝန်းကျင်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်သွားတာဟုတ်တယ်။ နေ့လည်ကပါ။ ဗိုလ်တထောင်ဘုရားအနီးမှာပဲ။ ပန်းပန်လို့။ သူတို့ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပဲဖမ်းတာ။ လက်ရှိတိုင်းလွှတ်တော်ထဲရောက်နေပြီ" လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

အဆိုပါမိန်းကလေးနှစ်ဦး ပန်းပန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့်မွေးနေ့ ပန်းသပိတ်ပါဝင်ဆင်နွှဲသည်ဟုဆိုကာ စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ငြိုပျက်စေမှု ၅၀၅ ကနဲ့ ဖမ်းဆီးကာ ယနေ့ညနေအထိ ရန်ကုန်တိုင်းလွှတ်တော်အတွင်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင်ရန်ကုန်တစ်မြို့လုံးအတိုင်းအတာအရ ယနေညနေ၅နာရီအထိအဆိုပါမိန်းကလေးနှစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာလို့သိရပြီး မန္တလေးမြို့မှာတော့ ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။ 

မန္တလေးမြို့မှာတော့ ယနေ့နံနက် ၈နာရီဝန်းကျင်ခန့်က   ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၁ လမ်းအနီးတွင် ဖွင့်လှစ်ထားတဲ့  လက်ဖက်ရည်ဆိုင်ထဲမှာ စစ်ကောင်စီတပ်သားများဝင်ရောက်ကာ   ပန်းပန်ထားသူတစ်ဦး၊ မန္တလေး ရွှေယမင်းဦး လက်ဖက်ရည်ဆိုင်မှ အမျိုးသမီး ၃ ဦး၊ နှင်းဆီပန်းကိုင်ထားသူ ၁ ဦးကိုလည်း ကောင်း၊ လူမှုကွန်ရက်တွင် နှင်းဆီပန်းကိုင်ကာ ဓာတ်ပုံရိုက်သူ အမျိုးသမီး ၂ ဦး၊ ဆိုင်ကယ်ဖြင့် ပန်းဝယ်လာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊  မဟာအောင်မြေမြို့နယ်တွင် ပန်းဝယ်လာသူ အမျိုး သမီးကြီး ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင် စီက ဖမ်းဆီးသွားတယ်လို့ ပြည်တွင်းသတင်းတွေအရ သိရပါတယ်။ 

Photo-Amnesty International 

 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025