NEWS

ရန်ကုန်တိုင်းထဲက ၃၁ မြို့နယ်မှာ ညမထွက်ရအမိန့်ထပ်ထုတ်

CoverLogo
1.3K Views

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့  မြို့နယ် ၃၁ ခုကို ပုဒ်မ ၁၄၄ အရ ည ၁ နာရီမှ မနက် ၃ နာရီအထိ  ညမထွက်ရ အမိန့် ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်ထားပါတယ်။


အရင်က ရန်ကုန်တိုင်းဒေသကြီး တစ်တိုင်းလုံးအနေနဲ့လည်း ကိုကိုးကျွန်းမြို့နယ်မပါ ကျန်တဲ့မြို့နယ်အားလုံးမှာ မနက် ၁ နာရီကနေ ၃ နာရီအထိ ညမထွက်ရအမိန့်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ 


နောက်ပိုင်းမှာ ရန်ကုန်တိုင်းထဲက ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ စစ်ကောင်စီက အချိန်ထပ်တိုး သတ်မှတ်ထားပါတယ်။ 


လက်ရှိမှာတော့ ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တို မြို့နယ်နဲ့ ဒလမြို့နယ်တွေ မှ အပ ကျန် ၃၁ မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသော မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း ရုပ်သိမ်းခြင်း မပြုဘဲ ညမထွက်ရအမိန့်အား ထပ်မံထုတ်ပြန်ခဲ့တာပါ။


ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ နံနက် ၁ နာရီ မှ နံနက် ၃ နာရီအထိ ညမထွက်ရဟု အမိန့်ထုတ်လိုက်တဲ့ မြို့နယ် ၃၁ မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊  ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်း မြို့နယ်၊ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊  လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နှင့် ရွှေပြည်သာမြို့နယ် တို့ဖြစ်ပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026