ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ ၂၄နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်များကို စုစည်းတင်ပြလိုက်ပါတယ်။
- ဒေါပုံမြို့နယ် ၊ သဘော်ကျင်းရဲစခန်းအတွင်းသို့ လက်ပစ်
ဗုံး ပစ်သွင်းကာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရ
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ည၇နာရီ၇မိနစ် အချိန်ခန့်
က ဒေါပုံမြို့နယ် ၊ သဘော်ကျင်းရဲစခန်းအတွင်းသို့
လက်ပစ်လက်ပစ်ဗုံး ပစ်သွင်းကာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်
ပါတယ်။
စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

- သာကေတမြို့နယ်အတွင်း ဇန်နဝါရီလ ၅ရက်နေ့ညက
သေနတ်ပစ်သံတွေကြားခဲ့ရ
သာကေတမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၅ရက်နေ့ည
၁၁နာရီ၁၀မိနစ်ခန့်ကသေနတ်အတွဲလိုက်ပစ်သံတွေကြားခဲ့ရပါတယ် ။
စစ်ကောင်စီဘက်ကပစ်တဲ့ အသံဖြစ်တယ်လို့ သာကေတ
မြို့နယ်ဒေသံခံတွေကပြောကြပါတယ် ။ အဆိုပါပစ်ခတ်သံကို သာကေတမြို့နယ်အတွင်းရပ်ကွက်တော်တော်များက
ကြားခဲ့ရပါတယ် ။
- ဒေါပုံမြို့နယ် ၊ဒေါပုံစျေး အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ
ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ မနက် ၇နာရီဝန်းကျင်က
ဒေါပုံမြို့နယ်၊ ဒေါပုံဈေးအတွင်း စစ်ကောင်စီသတင်းပေး
ဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။
အဆိုပါ လုပ်ဆောင်ချက်ကို Wolf Warriors STF (WWSTF)အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ။ ယင်းအမျိုးသမီးအကြောင်း အသေးစိတ်ကိုတော့
မသိရသေးပါဘူး ။
- သာကေတမြို့နယ် မီတာရုံးအတွင်းရှိ စစ်ကောင်စီကား
ဗုံးပစ် တိုက်ခိုက်ခံရ
ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည်ပိုင်းမှာ သာကေတမြို့နယ် မီတာရုံးအတွင်းရှိ စစ်ကောင်စီကား ဗုံးပစ်တိုက်ခိုက်ခံရပါတယ် ။
အဆိုပါတိုက်ခိုက်မှုကို Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ကပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှု ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မီတာဆောင်ခြင်း မပြုလုပ်စေရန် ဖြစ်တယ်လို့ သိရပါတယ် ။
ပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးမှု ဘယ်လောက်
ရှိလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး ။
၁၁ လအတွင်း သာကေတမြို့နယ် မီတာရုံးအနီး ပေါက်ကွဲမှုပေါင်း (၅) ကြိမ်ထိပ် မနည်းဖြစ်ပွားခဲ့တာလည်း ဖြစ်ပါ
တယ်။

- သာကေတမြို့နယ် ရန်ပြေရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦး ထပ်မံ ပစ်ခတ်ခံရ
ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်
မှာပဲ သာကေတမြို့နယ် ရန်ပြေရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦး ထပ်မံ ပစ်ခတ်ခံခဲ့ရပါတယ် ။
အဆိုပါပစ်ခတ်မှုကိုလည်း Burma Final Revolution Armed Forces (B.F.R.A.F) အဖွဲ့ပြုလုပ်ခဲ့တာ
ဖြစ်ပြီးမျက်လုံးတစ်ချက် ဗိုက်တစ်ချက် (သို့မဟုတ်) နှစ်ချက်ပစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
- ရွှေပေါက္ကံဘောလုံးကွင်းအတွင်းက စစ်တပ်ကို ဗုံးသီးလက်နက်ဖြင့်ပစ်ခတ်ခံရ
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နံနက် ၄နာရီ ၅၀ မိနစ်အချိန်တွင် 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်းနှင့် Area 21 ၏ မိတ်ဖတ်ညီနောင်များဖြစ်သော CGF YGN နှင့် Yangon Federal Army - YFA အဖွဲ့ကပြုလုပ်တာလို့ သတင်းထုတ်ပြန်ပါတယ်။
- လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီးက စစ်ကောင်စီတပ်သားတွေ ပတ်ခတ်ခံရ
ဒီကနေ့မနက်ပိုင်း ၉နာရီ၄၅မိနစ်လောက်မှာရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် စစ်ကောင်တပ်ဖွဲ့ဝင် (၁)ဦး ထိမှန်ခဲ့ကြောင်း အတည်ပြုချက်ရရှိခဲ့ပြီး ပစ်ခတ်မှုအား CGF -YGN၏မိတ်ဖက်ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Spring Revolution Flames - SRF မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
PYT စုစည်းသည်။