NEWS

မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် အရပ်သားပြည်သူများအတွက် ဘေးကင်းလုံခြုံ သည့်နေရာများမရှိတော့ကြောင်း နိုင်ငံတကာက ထောက်ပြ

CoverLogo
487 Views

မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ အရပ်သားပြည်သူတွေအတွက် ဘေးကင်း လုံခြုံတဲ့နေရာတွေမရှိဘူးလို့  နိုင်ငံတကာက စုပေါင်းပြီး  ဇန်နဝါရီလ (၇) ရက်မှာ ထုတ်ပြန်လာပါတယ်။ 

ဒါ့အပြင် ထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးနေကြရတဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက် တာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။ 

ဒီလိုမြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေ ရှာဖို့  ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ယူနိုက်တက်ကင်းဒမ်းအစိုးတွေက ပူးတွဲထုတ်ပြန်ချက် ကြေညာလိုက်တာ ဖြစ်ပါတယ်။ 

“တကယ်လည်း ပြေးစရာမရှိတော့ဘူး။ အခုကတော့ အများစုက ရန်ကုန်ဖက် တက်လာကြတယ်။ ရန်ကုန်မှာ စုနေတယ်။ ရန်ကုန်မှာ ထပ်ဖြစ်ရင်တော့ ပြေးစရာနေရာမရှိတော့ဘူး။ နောက်တစ်ခုက ရန်ကုန်တို့၊ မန္တလေးတို့လို မြို့ကြီးတွေမှာ ဖြစ်ရင်တော့ ရှောင်စရာ၊ ပုန်းစရာနေရာ မရှိဘူးလေ။ ဗုံးခိုကျင်းတူးစရာတောင် မြေမရှိတဲ့ဘဝတွေ ဆိုတော့ အထိအခိုက်တော့ များနိုင်တယ်”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။ 

ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ တိုးမြင့်လျှက်ရှိပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်တာကို အာဏာရှင်အဖွဲ့အစည်းက ပိတ်ပင်မှုကြောင့်လည်း ပိုမို ဆိုးဝါးလာ တယ်လို့လည်း ဖော်ပြပါတယ်။ 

ဒါ့အပြင် ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကြောင့် လူပေါင်း ၃.၅သန်း ကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရပြီး ၄င်းတို့ထဲမှာ တချို့ကနိုင်ငံပြင်ပတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ တယ်လို့ ဆိုထားပါတယ်။ 

“အမှန်ဝန်ခံရရင်တော့ ရန်ကုန်မြို့မှာလည်း မြန်မြန်တိုက်ကြ သေမလား၊၊ ရှင်မလား အဲဒီလို အဖြူ၊အမဲ သဲကွဲစေ ချင်တယ်။ အခုကျ အကုန်လုံးလည်း ကြပ်တည်းနေကြတယ်။ တစ်ရက်ထက် တစ်ရက်လည်း သောကတွေက တိုးလာတယ်။ လူတွေပိုကြပ်တည်းလာတော့ ဒီအခြေအနေကြီးက အမြန်ဆုံး လွတ်မြောက်ချင်နေပြီ”လို့ မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။ 

ဒီလိုအရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ကလူပြုမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကို ခိုင်လုံတဲ့ အစီရင်ခံမှုများစွာ ရှိနေပြီး ၄င်းအစီရင်ခံမှုတွေထဲမှာ ကလေးငယ်တွေ၊ လူနည်းစုတိုင်းရင်းသားနဲ့ ဘာသာရေး အသိုက်အဝန်းတွေကို အဓမ္မသွေးဆောင်တာနဲ့ စုဆောင်းတာ၊ အရပ်သားပြည်သူများ သေကြေထိခိုက်စေပြီး၊ အများပြည်သူ့ လမ်းပန်း ဆက်သွယ်ရေးစနစ်များ ပျက်စီးစေတဲ့ မြန်မာစစ်တပ်ရဲ့ အဆင်အခြင်မဲ့လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ လူသားချင်း စာနာမှုဆိုင်ရာ လုပ်သား တွေနဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်တာတွေအပေါ် ကန့်သတ်ချုပ်ချယ်တာတွေ ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ရေးတောင်းဆိုပြီး ပဋိပက္ခကို ရပ်တန့်ရေး၊ တင်းမာမှုတွေကို ဖြေလျှော့ရေးနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူတွေအားလုံးကို ပြန်လွှတ်ပေးရေး တိုက်တွန်းတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည် ဖော်ဆောင်ရေး မိမိတို့အနေနဲ့ ထပ်မံ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026