NEWS

မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်

CoverLogo
952 Views
 
 
ဥရောပ အကြီးဆုံး လေကြောင်း ကုမ္ပဏီ AIRBUS အနေနဲ့မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့အဆက်အနွယ် တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ နဲ့ လက်တွဲဖြုတ်ခဲ့ကြောင်းသွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign)ကနေထုတ်ပြန်လိုက်ပါတယ်။
 
အဆိုပါ လေကြောင်း ကုမ္ပဏီ AIRBUS ကတရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနဲ့စစ်ရေးနည်းပညာ ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ရဲ့ လုပ်ငန်းခွဲဖြစ်သော AviChina Industry & Technology Company Limited နဲ့ ရင်နှီးမြုပ်နှံမှု ပူးပေါင်း လုပ်ကိုင်ခြင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့ကစကာ ရပ်တန့်ခဲ့တဲ့အပေါ်သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) ကကြိုဆိုခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်သလိုအကြမ်းဖက် စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းများနဲ့ နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက်ထိခိုက်မှုတွေလည်းဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
 
"“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။
 
လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်” လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု(Blood Money Campaign)အဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူ မူလန်က ပြောထားပါတယ်။
 
AIRBUSက တရုတ်စစ်လေယာဉ်ထုတ် ကုမ္ပဏီ AviChina နဲ့ပူးပေါင်းတဲ့ ရင်းနှီးမြုပ်နှံမှု ရပ်လိုက်တာဟာပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နဲ့အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စုရဲ့ဖိနှိပ်ခြိမ်းခြောက်မှု အကြမ်းဖက်မှုများ ကြားမှ ရရာနည်းဖြင့် သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes လှုပ်ရှားမှုရဲ့အောင်မြင်မှု ရလာဒ် တခု ဖြစ်ကြောင်းနဲ့ တခြားသော နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေခြင်းများကို ချက်ချင်းရပ်တန့်ရဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
 
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) အနေနဲ့ တော်လှန်ရေး သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နဲ့သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ အမျိုးသမီးနဲ့ အလုပ်သမား၊ လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်နိုင်ငံ နဲ့ နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများရဲ့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် AIRBUS SE ဥရောပ လေကြောင်း ကုမ္ပဏီ မှ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ ကိုလက်တွဲဖြုတ်ခဲ့တာဟာ ရရှိလာတဲ့ ပြည်သူ့အောင်ပွဲ ဖြစ်ပြီး ဝမ်းသာ ဂုဏ်ယူ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026