ကယားပြည်နယ်၊ ဖရူးဆိုးဒေသ မူဆိုကျေးရွာမှာ ဒီဇင်ဘာ ၂၄ ရက်က ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်းနှစ်ဦးအပါအဝင် အနည်းဆုံး ၃၅ ဦးကိုသတ်ဖြတ်ခဲ့မှုကိုလုံခြုံရေးကောင်စီအဖွဲ့ဝင်များကရှုတ်ချခဲ့တဲ့အပြင်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုချက်ချင်းအရေးယူပေးဖို့ကုလသမဂ္ဂဆိုင်ရာလုံခြုံရေးကောင်စီကတိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
"ကောင်စီအဖွဲ့ဝင်တွေက အကြမ်းဖက်မှုအားလုံးကို ချက်ချင်းအရေးယူပေးဖို့၊ လူ့အခွင့်အရေးလေးစားဖို့နဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံဖို့ သေချာဖို့ တောင်းဆိုခဲ့ကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံးကို လုံခြုံစွာအသုံးပြုခွင့်ရရှိရန်နှင့် လူသားချင်းစာနာမှုနှင့် အပြည့်အဝကာကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ လုံခြုံစိတ်ချမှုတို့ကို သူတို့ ဖိစီးမှု့တွေဖြစ်နေပြီးဒီလုပ်ရက်အတွက်တာဝန်ခံမှု့ကိုမြန်ဆုံးရှာဖွေဖို့လိုတယ်"လို့လုံခြုံရေးကောင်စီဥက္ကဋ္ဌ Abdou Abarry (Niger) က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်ရေး၊ နယ်မြေဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံ၏ ညီညွတ်ရေးတို့အတွက် ခိုင်မာသော ကတိကဝတ်တို့ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အတည်ပြုဖို့လိုတယ်လို့လဲအဲ့ဒီ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
