NEWS

မတရားဖမ်းဆီး ခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ ပြီး သေဆုံးသူ ၇ ဦး ရှိဟု IPCM ထုတ်ပြန်

CoverLogo
467 Views
 
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မှ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၅ ရက် အထိ စစ်အာဏာသိမ်းပြီး လေးနှစ် တာကာလ အတွင်း မတရားဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမား ၂၀၀ကျော် ရှိကာ သေဆုံးသူ ၇ဦးရှိတယ်လို့ သတင်းမီဒီယာကောင်စီ IPCM က ထုတ်ပြန်ထားပါတယ်။
လေးနှစ်တာကာလအတွင်း သတင်းမီဒီယာသမား (၂၀၀)ကျော် ကို စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိတဲ့ ရာဇဝတ်မှုများဖြင့်အရေးယူခဲ့ကာ အများဆုံးအသုံးပြုခဲ့ တဲ့ ဥပဒေပုဒ်မများ ဟာ ၅၀၅-က၊ ၅၀၅-ခ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ တွေ ဖြစ် တယ်လို့ ဆိုပါတယ်။
သတင်းသမားဦးရေ (၂၀၀) ကျော် ကို နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီး မှာ သတင်းသမား အနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင်အထိ ထိမ်းသိမ်းခံခဲ့ရကာ ယခုလက်ရှိ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကာ ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သတင်းမီဒီယာသမား (၁၁) ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှု တွေ ကြောင့် လေးနှစ်တာ ကာလ အတွင်း သေဆုံးခဲ့ရ တဲ့ သတင်းမီဒီယာသမား စုစုပေါင်း(၇)ဦး ရှိခဲ့ ပြီး သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီက သတင်းမီဒီယာလုပ်ငန်း (၁၅)ခုရဲ့ လုပ်ငန်းလိုင်စင် တွေ ကိုလည်း ရုတ်သိမ်းခဲ့ပြီး သတင်းမီဒီယာနဲ့ ဆက်စပ်နေတဲ့ မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မီဒီယာအပေါ် ဖိနှိပ်မှု ပြင်းထန် တဲ့ အတွက် သတင်းမီဒီယာသမားများနှင့် သတင်း မီဒီယာလုပ်ငန်းများဟာ သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိတော့ ဘဲ ကမ္ဘာ့အဆိုးဆုံးသတင်းလွတ်လပ်ခွင့်ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်း မှာ ပါဝင်နေသည် အထိ အန္တရာယ် ကျရောက်နေပြီဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီ IPCM က ဆိုထားပါတယ်။
ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ် မြှင့်တင်ရေးအတွက်သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နဲ့ သတင်းမီဒီယာ သမားများ ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း တွေ ကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများ အတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနဲ့ အလေးအနက် တောင်းဆိုလိုက်တယ်လို့ ထုတ် ပြန်ထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026