ကယားပြည်နယ် ( ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်အပါအဝင်ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု့များအတွက်မင်းအောင်လိှုင်အပါအဝင်စစ်ခေါင်းဆောင်တွေကိုမဖြစ်မနေတရားစီရင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၂၄ ရက်နေ့ကရင်နီပြည်နယ်ဖရူဆိုးဒေသအတွင်းမိုဆိုကျေးရွာနားမှာပရဟိတဝန်ထမ်း၂ဦး၊ BGF(၄)ဦးနဲ့အမျိုးသမီးနဲ့ကလေးငယ်များအပါအဝင်၄၂ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရှင်လတ်လတ်ရိုက်နှက်နှိပ်စက်သတ်ဖြတ်မှု့သေဆုံးမှု့အပါအဝင်အခြားသောအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု့များအတွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်ထိပ်ပိုင်းခေါင်းဆောင်တွေကိုမဖြစ်မနေတရားစီရင်ရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနကဒီကနေ့မှာပဲထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖရူဆိုဒေသ သတ်ဖြတ်မှု့အပါအဝင်၂၀၂၁ ခုနှစ်ဇူလိုင်လအတွင်းစစ်ကိုင်းတိုင်းကနီမြို့နယ်က ကလေးသူငယ်များအပါအဝင်အမျိုးသား ၄၀ဦး ကိုသတ်ဖြတ်မှု့ ရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်အတွင်းပန်းပင်ကြီးလမ်းဆန္ဒပြနေတဲ့ပြည်သူတွေကိုအစုလိုက်အပြုံလိုက်ကားနဲ့တိုက်သတ်မှု့အပါအဝင်နိုင်ငံနဲ့အဝှမ်းပြည်သူတွေကိုလဲလူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်နိုင်ငံတကာလုံခြုံရေးကောင်စီအနေနဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူဖို့နဲ့မြန်မာ့အရေးဆွေးနွေးဖို့မျက်နှာစုံညီအစည်းအဝေးကိုအမြန်ဆုံးခေါ်ယူဖို့အပါအဝင်စစ်ကောင်စီရဲ့လက်နက်နဲ့ငွေေကြးစီးဆင်းမှု့ကိုအမြန်ဆုံးပိတ်ဆို့ရန်ရာဇဝတ်မှု့အတွက်တာဝန်ရှိသူတွေကိုနိုင်ငံတကာရာဇဝတ်ရုံးကိုအမြန်ဆုံးလွှဲပြောင်းပေးဖို့၊စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အဖြစ်အမြန်ဆုံးသတ်မှတ်ပေးဖို့ကိုလည်းအဲ့ဒီ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းတောင်းဆိုထားပါတယ်။