NEWS

ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကို အောက်တိုဘာ ၁ ရက် မှ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းတာဖြင့်ကောက်ယူမည်ဟုဆို

CoverLogo
608 Views

၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက် က နေ ၁၅ ရက် အထိ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ကောက်ယူမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သန်းခေါင်စာရင်း ရည်ညွှန်းချိန် ကို  ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲအစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမှာ ဖြစ်ကာ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ဖို့ဆောင်ရွက် နေတယ်လို့ဆိုပါတယ်။

"အခု မြိုလယ်ခေါင် နဲ့ လူသွားလူလာ များတဲ့နေရာတွေ မှာ သန်းခေါင်းစာရင်း ကောက်ဖို ဆိုင်းဘုတ်တွေ ထောင်ထားတယ် ပြည်သူတွေကတော့ စိတ်မဝင်စားဘူး သူတို့ကတော့ သန်းခေါင်းစာရင်းကောက်မှ ရွေးကောက်ပွဲ လုပ်လိုရမှာဆိုတော့ အသဲသန် ကို လုပ်နေကြတာ ဒါပေမယ့် အခုအ​ခြေနေ က လွယ်ကူမယ်မထင်ဘူး တိကျမှန်ကန်တာ ဘာတစ်ခုမှ မရနိုင်ဘူး ပြည်သူတွေက စစ်မှုထမ်းရမှာ စိုးတာတွေ နယ်မြေမအေးချမ်းတာတွေကြောင့် နေရပ်စွန့်ခွာသူကများနေတာ လူဦးရေစာရင်း အတိအကျ ရဖို မဖြစ်နိုင်ဘူး" လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်းနှင့်ဆင့်ပွားသင်တန်းအဆင့်ဆင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်တွင်လည်းကောင်း၊ အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင်လည်းကောင်း၊ ခရိုင်နည်းပြ သင်တန်းကို ခရိုင်အဆင့် ၁၂၆ နေရာတွင်လည်းကောင်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြိုနယ်အဆင့်နေရာ ၉၀၀ ခန့်တိုတွင်လည်းကောင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

လုံခြုံရေး အခြေ အနေနဲ့ လမ်းပန်းဆက်သွယ်မှု အခက်အခဲ ကြောင့် သတ်မှတ်ရက် အတွင်း ကောက်ယူဖို့ ကျန်ရှိပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူဖို့ လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026