NEWS

ပြည်တွင်းက ဘဏ် ၇ ခုနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုပါ အရေးယူမယ်လို့ စစ်ကောင်စီ ကြေညာ

CoverLogo
612 Views

အိမ်ရာချေးငွေထုတ်ပေးရာမှာ ချေးငွေစည်းကမ်းပျက်ကွက်မှုနဲ့ရိုးမဘဏ်၊ ဧရာ၀တီဘဏ်အပါအဝင်ဘဏ်၇ခုနဲ့အတူ ဗဟိုဘဏ်တာဝန်ရှိသူများကို အရေးယူမယ်လို့ စစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

"ဘဏ်ရဲ့လုပ်ငန်းစဥ်ဆိုရင်တော့ အကုန်ပါမှာပဲ။ ဗဟိုဘဏ်တာဝန်ရှိသူတွေပါပါမှာပေါ့"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။ 

အရေးယူခံရမဲ့ ပုဂ္ဂလိကဘဏ် ၇ ခုမှာ UAB ဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊   မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ်စတဲ့  ဘဏ် ၇ ခုကို အရေးယူမှာဖြစ်တယ်လို့  ဇူလိုင် ၁ ရက်ညပိုင်းမှာ စစ်ကောင်စီက ဆက်လက်ထုတ်ပြန်လာပါတယ်။ 

အဆိုပါပုဂ္ဂလိကဘဏ် ၇ ခုဟာ  အိမ်ရာချေးငွေများကို များစွာ ထုတ်ချေးလျက်ရှိရာမှာ  ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတာကြောင့် အရေးသွားမှာဖြစ်တယ်လို့  စစ်ကောင်စီက ဆိုထားပြီး အိမ်ရာချေးငွေများကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ပို၍ ထုတ်ချေးခဲ့သော ပုဂ္ဂလိက ဘဏ် ၇ ခုမှ တာဝန်ရှိသူများနှင့်အတူ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း  အရေးယူသွားမယ်လို့  စစ်ကောင်စီ၏ ကြေညာချက်တွင် ထည့်သွင်းထားပါတယ်။ 

ကြေညာချက်တွင် ပါဝင်တဲ့ ဘဏ် ၇ ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ ဖြင့် အရေးယူမှာဖြစ်ပြီး ထိရောက်တဲ့ ဒဏ်ကြေးကိုပါတောင်းမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026