NEWS

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ တံတားဦးလေဆိပ်အထွက်တွင်   ပစ်ခတ်ခံရ သဖြင့် ပျံလွန်တော်မူ

CoverLogo
816 Views

နိုင်ငံတော် သံဃာ့နာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ကို  တံတားဦးလေဆိပ်အထွက် မှာ ပစ်ခတ်ခံရ တဲ့ အတွက်  ဆရာတော် ပျံလွန်တော်မူသွားတယ်လို့  ပဲခူးမြို့ခံသံဃာအသိုင်းအဝိုင်း ထံ မှ သိရပါတယ်။

ဇွန်လ ၁၉ မနက်ပိုင်း ၁၀ နာရီကျော်က အိမ်စီးကားတစ်စီးကို တံတားဦးလေဆိပ်အနီးစစ်ဆေးရေးဂိတ်ကပစ်ခတ်တာကြောင့်  ကားပေါ်မှာပါလာတဲ့ ပဲခူးမြို့ ရဲ့ အထင်ကရ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ဆရာတော်ကြီး
ဘဒ္ဒန္တမုနိန္ဒာဘိဝံသကိုသေနတ်ထိမှန်ခဲ့တာကြောင့် ဆရာတော်ကြီးပျံလွန်တော်မူသွားတယ်လို့ ဆိုပါတယ်။

"ကားပေါ်မှာ ဆရာတော် အပြင် ရန်ကုန်က  ဆရာတော်တပါး လည်း ပါတယ် သူလည်း ကျဉ်ထိမှန် တယ် ကားသမားက လက်ပြတ်သွားတယ်လို့ ဘုန်းကြီးတို့ ကြားရပါတယ်"လို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာတစ်ပါး က မိန့်ကြားပါတယ်။

လက်ရှိအချိန်မှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းကို ပြန်သယ်ယူဖို့လုပ်ဆောင်နေပြီး ဈာပနကျင်းပဖို့နဲ့ တပည့်သံဃာတွေပူဇော်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"ဥူးဇင်းတို့လည်း သတင်း ကြားကြား ခြင်း ကျောင်းကို ရောက်နေတာ အခု ညနေ ၆နာရီခွဲ အထိကို တံတားဦးဆေးရုံကနေ ဆရာတော်ကြီးရဲ့ ရုပ်ကလပ် ကို မသယ်လာရသေးဘူး စစ်ဆေးနေတုန်းလို့ ပြောတယ် ပဲခူး ကျောင်းမှာတော့ ဈာပနအခမ်းအနား လုပ်ဖို့ပြင်ဆင်နေပါတယ်""လို့ ပဲခူးမြို့မှ  ဆရာတော်ကြီးရဲ့ တပည့် သံဃာတပါးမှ မိန့်ကြားပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် အရှင်မုနိန္ဒာ ဘိဝံသဟာ ၁၉၄၇ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ် သိက္ခာတော် ၅၇ ဝါရှိပြီလို့ သိရပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026