NEWS

ပို့ကုန်ရငွေပမာဏရဲ့  ၃၅ ရာခိုင်နှုန်းအစား ၂၅ရာခိုင် နှုန်းကို ကျပ်ငွေလဲလှယ်ရန် စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်

CoverLogo
782 Views

ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ဩဂုတ်လ ၈ ရက်က စပြီး  ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့  ပို့ကုန်ရငွေပမာဏရဲ့  ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်တွင် မြန်မာကျပ်ငွေနဲ့လဲလှယ်ခြင်းအစား   ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့  လျှော့ချပြင်ဆင်သတ်မှတ်ပေးတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပို့ကုန်တင်ပို့သူတွေ အနေနဲ့ ပိုကုန်တင်ပို့ခြင်းက ရရှိတဲ့ ပို့ကုန်ငွေပမာဏ ရဲ့ ၃၅ ရာခိုင်နူန်း ကို ဗဟိုဘဏ်သတ်မှတိရည်ညွှန်းဈေးတစ်ဒေါ်လာ ၂၁၀၀ကျပ် နဲ့ ရောင်းချ ရန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်
ဒီဇင်ဘာလ က သတ်မှတ်ခဲ့ ပြီး လက်ရှိ မှာ ပို့ကုန်ရငွေရဲ့ ၂၅ရာခိုင်းနှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေး ၂၁၀၀ကျပ်နဲ့ သာ ရောင်းချ ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

""အရင်က ပို့ကုန်လုပ်ငန်းရှင်က ဒေါ်လာ ၁၀၀ ဖိုးရောင်းရရင် ၃၅ ဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ ရောင်းပေးရတယ် အစိုးရကို မဖြစ်မနေရောင်းပေးရတယ်။ပြင်ပပေါက်ဈေးဘယ်လောက်မြင့်မြင့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ ကျပ် သတ်မှတ် ထားရင် ၂၁၀၀ ကျပ်ပဲရမယ်၊ အခုဖြေလျှော့ပေးတာက အစိုးရကို မဖြစ်မနေ ရောင်းပေးရမယ့် ရာခိုင်နှုန်း လျော့ပေးလိုက်တာ ၂၅ ရာခိုင်နူန်းဆိုတော့ ၁၀ရာခိုင်နူန်းလျော့တဲ့ အနေထားပေါ့ ဒါပေမယ့်ပြင်ပမှာ ဒေါ်လာပေါက်ဈေးက အရမ်းမြင့်နေတော့ အခုလိုလျော့ချပေးပေမယ့် အရမ်းကြီးတော့မထိရောက်သေးဘူး ""လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိ အမေရိကန်ဒေါ်လာပြင်ပ ပေါက်ဈေးမှာ တစ်ဒေါ်လာ ကို မြန်မာကျပ်ငွေ ၅၅၀၀ ဝန်းကျင်ရှိပြီး ဗဟိုဘဏ်က online Trading  ရောင်းဝယ်စျေး မှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၃၄၀၀ ဝန်းကျင်နှုန်းနဲ့ လဲလှယ်ပြီး ဗဟိုဘဏ်သတ်မှတ်စျေး၂၁၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မ ခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကို ကျင့်သုံးကာ  အထက်ပါပြင်ဆင်ချက် အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ရက် မှ စတင်အကျိုးသက်ရောက် စေရမယ်လို့ ဖော်ပြထားပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026