NEWS

နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုဝင်တွေထံ မှ အကျဉ်းဦးစီးဝန်ထမ်းတွေ ငွေကြေးလိမ်လည်တောင်းယူမှု ဆိုးရွားနေ

CoverLogo
380 Views
 
ယခုနှစ်စမှ စပြီး အကျဉ်းထောင်တွေ မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ထံ အကျဉ်းဦးစီးဝန်ထမ်း တွေက ဖုန်းဖြင့်ဆက်သွယ်ပြီး ငွေကြေးလိမ်လည်တောင်းယူတာတွေ ဆိုးရွာစွာ ကျူးလွန်နေတယ် လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)ရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။
 
PPNM ရဲ့ အတည်ပြုထားမှုအရ မန္တလေးအိုးဘိုအကျဉ်းထောင်၊ ညောင်ဦး အကျဉ်းထောင်၊ ပခုက္ကူအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင် တို့မှာ တာဝန် ထမ်းဆောင်နေတဲ့ အကျဉ်းဦးစီး ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစု တွေ ထံ ဖုန်းဖြင့်ဆက်သွယ်ကာ ယနေ့ အထိ ငွေကြေးလိမ်လည်တောင်းယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
ဒိုက်ဦးအကျဉ်းထောင်ရှိ အိပ်ဆောင် ၄ ရဲ့ အဆောင်မှူး ဝန်ထမ်း မျိုးသီဟ အောင်မှ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုဝင်တွေ ကို ၎င်းတို့ရဲ့ မိသားစုဝင် အကျဉ်းသား ဖြစ်သူ ဆေးရုံ တက်ရသဖြင့် ငွေကြေး အရေးပေါ် လိုအပ်တယ်ဆိုပြီး ပြောဆို တောင်းယူတာတွေ ပြုလုပ်နေကြောင်း၊ မိသားစုဝင်များ ကိုလည်း ဧည့်တွေ့ချိန်မှာ ဆေးရုံ တတ်ရောက်ရသည့် ကိစ္စ များကို မမေးရန်နဲ့ မေးပါက နောက်ထပ် အမှုထပ်ကပ်ခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ PPNM ထံ မှ သိရပါတယ်။
 
အခုလို အဆောင်မှုး အပါအဝင် ဒိုက်ဦး အကျဉ်းထောင်မှ ဝန်ထမ်းတွေက အကျဉ်းသားတွေရဲ့ မိသားစု တွေ ထံလိမ်လည်တောင်းယူတာ
မှာ ကျပ်တစ်သိန်းမှ သိန်း၁၀၀အထိ ရှိတယ်လို့ သိရပါတယ်။
 
ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားများရဲ့ ကျန်းမာရေး အကြောင်းပြကာ မိသားစုဝင်တွေ ထံ လိမ်လည်ငွေတောင်းယူတာတွေကို အိုးဘိုအကျဉ်းထောင်၊ ညောင်ဦးအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ ပခုက္ကူအကျဉ်းထောင် တို့က အကျဉ်းဦးစီးဝန်ထမ်းတွေ ကလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
အခုလို အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လိမ်လည်တောင်းယူနေတာတွေ ရှိတဲ့ အတွက် နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တွေ အနေနဲ့ လည်း အထူးသတိထားရန်နဲ့ သေချာမေးမြန်းစုံစမ်းပြီးမှ ငွေလွှဲရန် ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)မှ အသိပေးထားပါတယ်။
 
ငွေကြေးလိမ်လည်တောင်းခံနေတာ တွေ ယခုထက် ပိုဆိုးရွားလာပါက လုပ်ဆောင်နေသူတွေကို လူမှုရေးပြစ်ဒဏ်ပေးနိုင်ရေး အတွက် ကျုးလွန်သူတွေ ကို ဓါတ်ပုံနဲ့ တကွ ထုတ်ပြန်သွားမယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM)မှသတိပေးထားပါတယ်။
 

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026