NEWS

ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်

CoverLogo
381 Views
STUM ခေါင်းဆောင် ဒေါ်မျိုးအေး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာခဲ့ပေမဲ့ ဒီ လွတ်မြောက်မှုကို လက်ခံဖို့ ခက်ခဲ့တယ်လို့ ထိန်းသိမ်းခံရခြင်း ရက် ၁၀၀ ပြည့်မှာ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM) နှင့် နိုင်ငံတကာ သွေးစည်းညီညွတ်ရေး အဖွဲ့တွေရဲ့ ပူးတွဲ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒေါ်မျိုးအေး လွှတ်မြောက်လာပေမဲ့ ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့အတွက် ရွှေပြည်သာမြို့နယ်တရားရုံးမှာ အာမခံငွေ ကျပ်သိန်း ၆၀ (အမေရိကန်ဒေါ်လာ ၂၈၆၀) တင်ခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ၂၀၂၂ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀ နှင့် ၄၁ အရ၊ သိမ်းဆည်းခံထား ရတဲ့ မိုဘိုင်းလ်ဖုန်း အပါအဝင် IT ပစ္စည်းတွေကို အာမခံငွေ သီးခြား ကျပ်သိန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၂၈၆၀၀) နဲ့ အာမခံသူ နှစ်ဦးဖြင့် ပြန်လည်ရွေးယူထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြန်လည်ရွေးယူထားတဲ့ ပစ္စည်းတွေက အချက်အလက် (data) တွေကို ရောင်းချပေါင်နှံခြင်းနဲ့ ဖျက်ဆီးတာတွေ မလုပ်ဖို့ တရားရုံးက တားမြစ်မိန့် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
 
ဒီအခြေအနေကြောင့် ဒေါ်မျိုးအေးရဲ့ လွတ်လပ်စွာ စည်းရုံးခွင့်ကို တားမြစ်ထားတဲ့ ဒီလွတ်မြောက်မှုကို လက်ခံဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဒါ့အပြင် ဒေါ်မျိုးအေးရဲ့ သမီး အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မသင်းထက်စံ အပါအဝင် (STUM) အဖွဲ့ဝင်တွေဖြစ်တဲ့ မမြင့်မြင့်ခိုင်၊ မစုမြတ်နွယ်၊ ဦးသီဟထွန်း၊ ကိုဇော်ထိုက်၊ ကိုဇော်စန်းနိုင်၊ ကိုကျော်သန့်နိုင်၊ မဟေမာန်ဦး၊ မဂျွန်တူးမောင်တို့မှာလည်း လက်ရှိ ဖမ်းဆီးခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရ STUM အဖွဲ့ဝင် ၉ ဦး လွတ်မြောက်ရေးအတွက် မိတ်ဖက်အဖွဲ့အားလုံး စုပေါင်း ကြိုးပမ်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
 
အခက်အခဲပေါင်းစုံကြားက STUM အဖွဲ့အစည်းအနေနဲ့ အလုပ်သမားတွေအတွက် အကျိုးပြုဖိုနဲ့ အလုပ်သမား တွေ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ ရည်ရွယ်ချက်ကိုတော့ မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်လို့လည်း သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ (STUM) က ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026