NEWS

ထိုင်းရောက် မြန်မာနိုင်ငံသား CDM နိုင်ငံ့ဝန်ထမ်းတွေ အမည်မည်းစာရင်း ပယ်ဖျက်လိုပါက လာရောက်လျှောက်ထားနိုင်တယ်လို့ သံရုံးထုတ်ပြန်

CoverLogo
358 Views

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား နိုင်ငံ့ဝန်ထမ်း CDM တွေကို စစ်ကောင်စီက  Black Lists သွင်းထားပေမဲ့ အဲ့ဒီစာရင်း ကနေပယ်ဖျက်လိုပါက ထိုင်းနိုင်ငံရှိ မြန်မာ သံရုံး မှာ  လာရောက်လျှောက်ထားလို့ရတယ်လို့ ဗန်ကောက်မြို့မြန်မာသံရုံးကကြေညာထားပါတယ်။

ဇူလိုင် ၁၃ ရက်တွင်  စစ်ကောင်စီမှ နိုင်ငံဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကနေ စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း(Black List) မှာ ပါဝင်နေတာဖြစ်ပြီး  ၎င်းဝန်ထမ်းတွေ ကို  လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းရာပေါ်မူတည်ပြီး အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးကာ ဥပဒေဘောင်အတွင်းနေထိုင်သွားလာနိုင်ဖို့ဆောင်ရွက်ပေး မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလို ကြေညာခဲ့ တဲ့ နောက်ပိုင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ အမည်မည်းစာရင်း ကနေပယ်ဖျက်ပေးဖို့ ဖြေလျော့ပေးဖို့ မြန်မာသံရုံး ဗန်ကောက်ကို လာရောက် လျှောက်ထားကြတယ်လို့ သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

"ကျွန်တော်သိသလောက်က CDM သမားတွေက  အမည်မည်းစာရင်းဖျက်ဖို့ သံရုံး ကို သွားလျှောက်တာ မရှိပါဘူး၊ CDM သမားတွေက စကစ နဲ့ အပေးယူ လုံးဝမလုပ်ဘူး ၊  CDM လုပ်တဲ့သူတွေကပိုပြီးတော့ တော်နေတယ်ဆိုတာထက် NUG အစိုးရ က ပိုပြီးတော့ စကစထက် သာနေတာကို မလိုလားတာက တစ်ကြောင်း၊ CDM တွေအနေနဲ့ သူတို့ကိုပြန်ထောက်ခံတယ်ဆိုတဲ့ အနေအထားကိုပြချင်လို့ သံရုံးမှာလာလျှောက်လို့ရတယ်ဆိုပြီးကြေညာတာပါ ၊ အခုဆိုရင် အချို့ CDM တွေ က   NUG အစိုးရ ထဲမှာတောင်  အလုပ်ဝင်လုပ်နေတဲ့သူတွေရှိနေပြီ"လို့ ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်း တစ်ဦးကပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရ တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်ကြောင့် နိုင်ငံ့ဝန်ထမ်းတွေ သိန်းနဲ့ချီပြီး The nonviolent Civil Disobedience Movement (CDM) အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီး အကျဉ်းချတာ၊ အမည်မည်းစာရင်းသွင်းတာတွေပြုလုပ်လို့ မိမိတို့ နေရပ်ကို စွန့်ခွာပြီး နီးစပ်ရာဒေသတွေမှာ သွားရောက်ခိုလှုံနေရတာဖြစ်ပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026