NEWS

ထိုင်း- မြန်မာနယ်စပ်မှာ တိုက်ပွဲ ဖြစ်လို့ မြန်မာပြည်သူ ၁၀၀ ခန့် ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်

CoverLogo
265 Views

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် KLNA ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာပြည်သူ ၁၀၀ခန့်မှာ ထိုင်းဘက်ကို  ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ 

 

ဖေဖေါ်ဝါရီ ၂၆ ရက်ညပိုင်းကတည်းက KLNA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တို့ တိုက်ခိုက်မှု တွေ စတင်ခဲ့တာ မှာ ဖေဖေါ်ဝါရီ ၂၇ရက်မှာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နဲ့ တစ်ကီလိုမီတာ အကွာ ရှိ KNLA ထိန်းချုပ် နယ်မြေ ကို စစ်ကောင်စီ ဘက်မှ ဗုံးကျဲချတဲ့ အတွက် မြန်မာပြည်သူ ၁၀၀ခန့် မှာ ထိုင်းဘက်ကို ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။ 

 

ထွက်ပြေး တိမ်းရှောင် လာသူတွေ ကို ထိုင်းအာဏာ ပိုင်တွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီတွေနဲ့ နိုင်ငံအတွင်း ခိုလှုံခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်တွေ စေလွှတ်ပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

 

Ref-Matchion Online 

 

 


Related posts

Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ
Oct 03, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ
Sep 11, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025