NEWS

စားအုန်းဆီ ပြင်ပပေါက်ဈေး တပိဿာလျင် ၁၃၅၀၀ ကျပ်အထိရှိလာ

CoverLogo
601 Views

စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၅၃၈၅ကျပ်ဖြစ်တယ်လို့ သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးကတော့ တစ်ပိဿာကို ကျပ်၁၃၅၀၀အထိရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
  
"စားဆီက၀ယ်လို့မရဘူး။ ခက်ခဲလာတယ်။လက်ကားဈေးမှာ လေ့လာရသလောက် ရန်ကုန်မှာဆိုရင် ၁၂၀၀၀ ကနေ ၁၂၅၀၀ ပေါက်ဈေးရှိတယ်။ အဲ့တာကည်း ၁၀ ပိဿာ ပုံးကိုဆယ်ပုံးကနေပုံး၆၀ယူရတဲ့ဈေးနော်။ မန္တလေးမှာတော့ ပုံး၂၀ ယူဖို့မေးထားတာ ၁၂၅၀၀နဲ့ ၁၃၅၀၀ ဈေးတွေ့ရတယ်။ ဆိုတော့လက်ကားမှာဒီဈေးဆိုလက်လက်လီမှာက သေချာနေပြီ ၁၂၀၀၀ ကနေ ၁၄၀၀၀အထိပေါက်နိုင်တယ်။ ဒါတောင်ဖမ်းဆီးမှုတွေပြင်းထန်နေတာ။ တစ်ချို့ကဈေးမဖွင့်ဘူး။ ဒါက online၊  offline ဆိုရင်အရောင်းပိတ်နေတာကများတယ်။ လက်လီအနည်းတွေတော့ရနိုင်တာပေါ့။  ဆီအသင်းကလည်းခုလိုက်ရောင်းပေးတာအရင်လိုမပေါတော့ဘူးဆိုတော့ ရှားလာတယ်လို့ပါပြောလို့ရတယ်"လို့  စားသုံးဆီသုံးစွဲသူတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တာကာလရဲ့  စားအုန်းဆီအခြေခံရည်ညွှန်းဈေးကို တစ်ပိဿာလျှင်ကျပ် ၅၄၀၀ ကျပ်ဖြစ်တယ်လို့သတ်မှတ်ထားပေမဲ့   စားအုန်းဆီဈေးနှုန်း ပြင်ပပေါက်ဈေး တွင် တစ်ပိဿာ ကျပ်တစ်သောင်းနှစ်ထောင်ကျော်သို့ ရောက်ရှိခဲ့တာဖြစ်ပြီး ယခုတစ်ပတ်တာ ဇူလိုင်၁ရက်မှ ဇူလိုင်၇ရက်အထိ  ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာလျှင် ၅၃၈၅ကျပ်ဖြစ်တယ်လို့ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ 

ရည်ညွှန်းဈေးအတိုင်းရောင်းချပေးနေတဲ့ ဆီကုန်သည်လုပ်ငန်းရှင်အချို့ဟာလည်း    ရပ်ကွက်များအတွင်းရည်ညွှန်းဈေးအတိုင်း လိုက်လံရောင်းချရာမှာ အနည်းငယ်သာရောင်းချပေးနေကြတာဖြစ်ပြီး  ပြီးခဲ့တဲ့တစ်ပတ်မှာကတည်းကစားဆီ၀ယ်ယူရခက်ခဲလာတာဖြစ်သလို  အဖမ်းအဆီးတွေပြင်းထန်နေပေမဲ့လည်း ဈေးနှုန်းကျဆင်းသွားတာမရှိဘူးလို့ သိရပါတယ်။  

ပြင်ပပေါက်ဈေးများအတိုင်း၀ယ်ယူရာမှာ လက်လီဈေးသာမကလက်ကားဈေးနှုန်းများ မြင့်တက်နေတာဖြစ်ပြီး  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  တစ်မြို့နယ်လျှင် နှစ်ဦးလောက်သာရှိပြီး  ပြည်သူတစ်ဦးလျှင် အများဆုံး ငါးဆယ်သားအထိသာ ၀ယ်ယူနိုင်တယ်လို့လည်းသိရပါတယ်။ 

ဒါ့အပြင်ပြည်ပမှ  စားဆီတင်သွင်းတဲ့ စီးပွားရေးထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့  ဧရာဟင်္သာကုမ္ပဏီအပါအ၀င်  ကုမ္ပဏီ၈ခုကိုလည်း ပြည်ပမှစားဆီတင်သွင်းရာမှာ  မသမာမှုကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမည်ပျက်စာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026