NEWS

စစ်အာဏာသိမ်းခဲ့သည့် လေးနှစ်အတွင်း နေရပ်စွန့်ခွာသူ ၃ဒသမ ၅သန်းကျော် ခန့်ရှိပြီး စံချိန်တင်မြင့်တက်လာ

CoverLogo
420 Views

စစ်အာဏာသိမ်းခဲ့တဲ့ လေးနှစ် အတွင်း မြန်မာနိုင်ငံ ရှိ ပြည်တွင်း နေရပ်စွန့်ခွာရတဲ့ ဦးရေဟာ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော်ရှိပြီး  စံချိန်တင်မြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar ကထုတ်ပြန်လိုက်ပါတယ်။ 

 

အခုလို နေရပ်စွန့်ခွာမှု စံချိန်တင်မြင့်တက် လာခြင်းကြောင့် အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းနဲ့အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့် ဆက်လက်ရုန်းကန်နေရဆဲဖြစ်တယ်လို့  ဖေါ်ပြထားပါတယ်။ 

 

ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) မှာ တပ်မတော် နဲ့ လက်နက်ကိုင် အင်အားစု အမျိုးမျိုး အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဆိုပါတယ်။ 

 

ဒါကြောင့် အရပ်သားတွေဟာ ကျယ်ပြန့်တဲ့ ပဋိပက္ခအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှုအသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနဲ့ အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းတွေ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်ကြရတယ်လို့ UNOCHA  Myanmar က ဖေါ်ပြထားပါတယ်။ 

 

ဒါ့အပြင် အရှိန်မြင့်လာတဲ့ ပဋိပက္ခရဲ့ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်များကြောင့် သေဆုံးသူဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့သလို ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ ၁၅ သန်းကျော်ဟာစားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသောပြည်သူများဟာ ဘေးကင်းလုံခြုံသော မှီခိုရာနေရာ ကင်းမဲ့ကာ သန့်စင်တဲ့သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ 

 

UNOCHA Myanmar အနေနဲ့ ၂၀၂၄ခုနှစ်အတွင်း လူဦးရေ ၄ဒသမ ၂သန်း ကို အကူညီပေးနိုင်ခဲ့ပြီး ယခု၂၀၂၅ခုနှစ် အတွင်း လူဦးရေ ၅ဒသမ၅သန်း ကို လူမှုဘဝကယ်ဆယ်ရေး အကူညီတွေ ပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026