NEWS

စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ

CoverLogo
805 Views

ရန်ကုန်တိုင်းတွင်းမှာစစ်ကောင်စီကစစ်မှုထမ်းဖို့ဆင့်ခေါ်စာတွေပေးပို့တာ၊ ရာအိမ်မှူးတွေကတစ်ဆင့်နေအိမ်တွေကိုလိုက်လံအကြောင်းကြားတာတွေလုပ်ဆောင်နေတာကြောင့် အရွယ်ရောက်သားယောက်ျားလေးရှိတဲ့ မိသားစုဝင်တွေမှာစိုးရိမ်သောကတွေမြင့်တက်နေပါတယ်။

စစ်ကောင်စီဟာပြည်သူ့စစ်မှုထမ်းဥပဒေကိုစတင် အကောင်အထည်ဖော်မယ်လို့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် မှာသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလိုသတင်းထုတ်ပြန်တာ၊ စစ်မှုထမ်း ဆင့်ခေါ်ရေး ကော်မတီဖွဲ့စည်းတာ၊ ဆင့်ခေါ်စာ ပို့လာတာတွေ နဲ့ပတ်သက်ပြီးပြည်သူတွေရဲ့စိုးရိမ်စိတ်တွေဟာမြင့်တက်လာတာပါ။

"အိမ်ကသားကိုစစ်မှုထမ်းရမယ်လို့ရာအိမ်မှူးကလာပြောတာ။စိတ်လည်းအရမ်းပူတယ်။သူတို့ကိုမယုံကြည်ဘူး။မထည့်ချင်ဘူး။ဒါပေမယ့်ကျွန်မတို့ဘာမှမတတ်နိုင်ဘူးဖြစ်နေတာ။ဘယ်ကိုရှောင်ပြေးရမလဲလည်းမသိဘူး။အိမ်ကအမေဆိုသူ့မြေးစစ်မှုထမ်းရမယ်သိကတည်းကတစ်နေကုန်ဘာမှကျွေးမရတော့ဘူး"လို့ရွှေပြည်သာမြို့နယ်က မိခင် တစ်ဦးကငိုရင်းပြောပါတယ်။

စစ်ကောင်စီဟာစစ်မှုထမ်းရမယ့်သူတွေကိုဧပြီလထဲမှာစတင်ခေါ်ယူမယ်လို့သတင်းတွေထုတ်ပြန်ထားပါတယ်။

လက်ရှိမှာအမျိုးသားတွေကိုသာဦးစားပေးခေါ်ယူမယ်လို့လည်းပြောဆိုထားပါတယ် ။

"မေးစရာရှိလို့ခဏခေါ်သွားပါမယ်ဆိုပြီးအသက်မပါဘဲအလောင်းပြန်ရတဲ့ခေတ်မှာသူတို့ကိုဘယ်လိုမှမယုံဘူး။အခုခေါ်တာကအရွယ်ကောင်းလေးတွေ။သူတို့ကရှေ့တန်းပို့မှာ။သူတို့လူအင်အားမရှိလို့ကလေးတွေကိုဒုက္ခပေးတာ။တခုခုဆိုကျွန်မတို့ကဘယ်လိုက်မေးရမလဲ"လို့မဂ်လာတောင်ညွန့်မြို့နယ်က သားရှင် မိခင်တစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိတဲ့ အရွယ်ရောက်အမျိုးသားတွေကို စစ်မှုထမ်းဖို့ဆင့်ခေါ်မယ်လို့ ဖော်ပြထားပြီး ရန်ကုန်တိုင်းအတွင်းက အရွယ်ရောက် အမျိုးသား တွေနဲ့မိသားစုဝင်တွေ မိဘတွေဟာ ကျီးလန့်စာစားပြီး စိုးရိမ်ပူပန်စွာနေထိုင်နေရတယ်လို့ ရန်ကုန်နေ ပြည်သူတွေကပြောပါတယ်။

အခုလို စစ်မှုထမ်းဖို့ဆင့်ခေါ်တာက ရန်ကုန်တိုင်းအတွင်းရှိမြို့နယ် အများစုမှာ ဖြစ်ပေါ်နေပြီး ရက်ကွက်ကဆင့်ခေါ်တာရှိသလို ကာယကံရှင်ဖြစ်သူ နေအိမ်မှာ မရှိပါက မိဘ သို့မဟုတ် အုပ်ထိန်း သူ တဦးက သွားရောက်ကာ ကိုယ်ရေး အချက်အလက်တွေဖြည့်စွက်ပေးနေရတာလို့ သိရပါတယ်။

စစ်ကောင်စီကစစ်မှုထမ်းဥပဒေစတင်အသက်ဝင်တယ်လို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာလူငယ်အများစုဟာစစ်ကောင်စီကိုတော်လှန်ဖို့နီးစပ်ရာတော်လှန်ရေးအင်အားစုတွေထဲဝင်ရောက်ကြသလိုပြည်ပထွက်ခွာနှုန်းလည်းမြင့်တက်လာပါတယ်။

#MyanmarLabourNews
၂၀၂၁ မတ်လ ၁၄ ရက်နေ့က လှိုင်သာယာ ဆန္ဒပြ လူထုကို ပစ်ခတ်နေသည့်စစ်သားနှင်ရဲများအားတွေ့ရစဥ်။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026