NEWS

စစ်ကောင်စီ၏ ဉာဏ်နီဉာဏ်နက်ကို မယုံကြရန် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ယာယီသမ္မတ တိုက်တွန်း

CoverLogo
979 Views

သွေးစွန်းသော စစ်ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်ကို မယုံကြဖို့ တိုက်တွန်းလိုတယ်လို့ ဇန်နဝါရီ ၄ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းဝေးမှာ  ယာယီသမ္မတ ဒူဝါ လရှီလ က ပြောကြားခဲ့တာပါ။

လက်ရှိ  အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့က တွေ့ဆုံဆွေးနွေးရေးကို ပြောကြားလာတာ တွေ့ရပြီး ၊ ရိုင်းစိုင်းပြီး တိုင်းပြည်တစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးနေတဲ့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့ကတော့  ခက်ခဲမှာဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။  

မင်းအောင်လှိုင်တို့ ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကို ပယ်ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပန်ကြားလိုတယ်လို့ ပြောဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်း‌ဝေး (၁/၂၀၂၂) ကို ဒီနေ့ ဇန်နဝါရီ ၄ (လွတ်လပ်ရေးနေ့) မနက်(၁၀) နာရီက ကျင်းပခဲ့တာပါ။

ယာယီသမ္မတက ဒီနှစ် လွတ်လပ်ရေးနေ့ဟာ မြန်မာပြည်သူပြည်သားအားလုံး စိတ်အားညိုးငယ် နှလုံး မသက်မသာ ခံစားနေကြရတဲ့ အပြင် တောင်တန်းပြည်မ အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ အသက်သွေးကြွေး မြောက်များစွာ ပေးဆပ်ပြီး ရခဲ့တဲ့ လွတ်လပ်ရေးဟာ အာဏာမက်၊ ကိုယ်ကျိုးရှာ လူတစ်စုရဲ့ ရက်စက်တဲ့ အကြံကြောင့် ပျောက်ဆုံး ခဲ့ရပြီလို့လည်း ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို လေ့လာပြီး လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးကြဖို့နဲ့   ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖော်ဆောင်နိုင်ပေးနိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး၊ မင်းအောင်လှိုင်နဲ့စစ်ကောင်စီကို အသိအမှတ်မပြုပဲ ဝိုင်းဝန်းဖယ်ကြဉ်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026