NEWS

စစ်ကောင်စီနဲ့ BGF က မြေပြင်ရောလေကြောင်းနဲ့ပါ အဓမ္မ ထိုးစစ်လုပ်အပြီး စစ်ရှောင်တွေကို ဌာနေပြန်လာရန် စည်းရုံနေသလို ကော့ကရိတ်နဲ့ လေးကေ့မှာ တိုက်ပွဲ ဆက်ရှိနေ

CoverLogo
995 Views

ဒီဇင်ဘာလ ၂၃ ရက်နေ့က စပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ BGF ပူးပေါင်းအဖွဲ့က လေးကေ့ကော် ငြိမ်းချမ်းရေးအမည်ရ ငြိမ်းချမ်းရေး မြို့သစ် လေးကေ့ကော်ဒေသကို မြေပြင်ထိုးစစ်အပြင် လေကြောင်း ထိုးစစ်ပါ အပါ ထင်သလို အဓမ္မ ပြုလုပ်ပြီနောက်ပိုင်း ဒေသခံပြည်သူ သောင်းဂဏန်းအထိ သောင်းရင်းမြစ်ကမ်းနဘေးနဲ့ ထိုင်းနိုင်ငံနယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အဆိုပါ  တိုက်ပွဲရှောင် ပြည်သူတွေကို  ဌာနေကို ပြန်လာလို့ ရပြီလို့ စစ်ကောင်စီ စစ်တပ်နဲ့ ပူး ပေါင်း BGF-တပ်ရင်းမှူး စောမုတ်သုံက စစ်ရှောင်တွေ ခိုလှုံတဲ့ နေရာတွေကို လိုက်လံစည်းရုံနေချိန် ကော့ကရိတ်မြို့ဟောင်း ကျေးရွာဖက်နဲ့ လေးကေ့ကော်မှာ ဒီနေ့မနက်ပိုင်းက စပြီး တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းက သိရပါတယ်။

ဒါအပြင် လုံခြုံရေးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပြီဖြစ်လို့ ကိုယ့်နေရပ်ကို ပြန်လာနိုင်သလို မှဲ့တစ်ပေါက်မှ မစွန်းစေရဘူးလို့  ပြီးခဲတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ BGFက စည်းရုံပြန်ခေါ်နေသောလည်း စစ်ရှောင်ပြည်သူတွေအနေနဲ့ ဌာနေကို ပြန် မပြန်ဆိုတာတော့ မသိရသေးပါဘူး။

ဒီအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ-၁၀၆ က ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တပ်ရင်း - ၁၆ ထိန်းချုပ်နယ်မြေထဲမှာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ တခါးသီရွာသား ၁ ဦး၊ ပနယ်တောင်ရွာသား ၇ ဦး၊ ရွာသာအေးရွာသား ၃ ဦး နှင့် ဝါပိုရွာသား ၁ ဦး စုစုပေါင်း ၁၂ ဦးတို့ကို အတင်းအဓမ္မ ဖမ်းဆီးပြီး လမ်းပြ လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားတဲ့  လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ခွဲမှူးအပါ ၇ ဦးကို KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိထားတယ်လို့ ကရင်သတင်းစဉ်က ဖေါ်ပြထားပါတယ်။

 

KNLA မှဖမ်းစီးရမိသည့် စစ်ကောင်စီတပ်သားများ

ဒါပြင် စစ်ကောင်စီတပ်တွေက အရက်ဖက်သုံး အိမ်စီးကားနဲ့  နေရာရွှေ့ပြောင်းလာချိန် ရသေ့ဂူ ကျေးရွာဝန်းကျင်မှာ ဖမ်းဆီးခံ ထိတာပါ။

ပြီးခဲ့တဲ့  ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လေးကေကော်ဒေသ တိုက်ပွဲမှာလည်း စစ်ကောင်စီ ခမရ ၂၇၅ က တပ်ဖွဲ့ ဝင် ၆ ဦး နယ်ခြားစောင့်တပ် -BGF ၂ ဦးကို KNLA ကရင်ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိပြီး ယခုထပ်မံဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025