NEWS

စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ

CoverLogo
690 Views

၏စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းဖို့ ပထမအပါတ်စဉ်အတွက် မတ်လ ၂၉ ရက်မှာ လူငယ် ၅၀၀၀ ကျော်ကို ခေါ်ဆောင်သွားပြီးနောက် ဒုတိယအကြိမ်အဖြစ် တပ်သားစုဆောင်းရန် မဲနှိုက်ခြင်း လူရွေးချယ်ခြင်းများပြုလုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ယခုလို တပ်သားသစ်ခေါ်တာကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှိ အရွယ်ရောက်လူငယ် အမျိုးသားတွေကို နာမည်စာရင်းပြုစုကာ မဲနှိုက်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။

"ကျွန်တော်တို့ ရွာမှာ ပြီးခဲ့တဲ့ အခေါက်က ၂ ယောက် မဲနှိုက်ပြီးခေါ်သွားတယ် အခုနောက်တကြိမ် ၃ ယောက်မဲပေါက်သွားပါတယ် နာမည်စာရင်းပါတဲ့ လူငယ်တိုင်းအတွက် မိဘတွေက သွားပြီးမဲနှိုက်ရတာပါ။ ကျွန်တော့သားလေး က တော့ မဲနှိုက်တာမပေါက်လိုက်ဖူး တကယ်လို့ ပေါက်ခဲ့ရင်လည်း သူတို့လက်ထဲကို ဘယ်နည်းနဲ့မှ မထည့်လိုက်နိုင်ဘူး"လို့ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ထဲက ရွာသား မိဘတစ်ဦးကပြောပါတယ်။

အလားတူ တွံ့တေးမြို့နယ်မှာလည်း ဧပြီ လတွင် စစ်မှုထမ်းဖို့အတွက် လူငယ် ၂ ယောက် ဒါမှမဟုတ် ၃ ယောက် ပေးရမည်ဟုပြောဆိုကာ မဲနှိုက်ရွေးချယ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

"တွံ့တေးမြို့နယ် ပဒံရေကျော်ကျေးရွာအုပ်စု ဥက္ကဌ ဦးဝင်းစိန်က ဧပြီ ၄ ရက်‌နေ့က ရာအိမ်မှူး ဆယ်အိမ်မှူးတွေကိုခေါ်ပြီး ကျေးရွာက အများစုဖြစ်တာကြောင့် စစ်မှုထမ်းဖို့ ၂ ယောက် ၊ မရရင် ၃ ယောက် ပေးရမယ်ပြောပြီး တအိမ်ကို တသောင်းခွဲစီထပ်ကောက်နေပါတယ်။ ရွာက အိမ်ခြေ ၉၀၀ ကျော်လောက်ရှိတယ်" လို့ ရွာသားတစ်ဦးကပြောပါတယ်။

"ပထမတုန်း ပြည်သူ့စစ်ဆိုပြီးခေါ်တယ် လူမရှိရင် အစားထိုးဖို့ ပိုက်ဆံပေးရတယ် တအိမ်ထောင်ကို ၅ သောင်းနဲ့ အထက်တွေပေးရတာ ကြောက်တော့လည်းပေးရတာပေါ့ဗျာ ဟော အခုကျ စစ်မှုထမ်းဆိုပြီး အသက် ၁၈ ကနေ ၃၅ ကြားထဲက လူငယ်တွေကိုထပ်ခေါ်တာ ဒါဒုတိယအကြိမ်ဖြစ်နေပြီဗျ ဒီကောင်တွေကြောင့် ကလေးတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာမနေရဲတော့ဘဲ တိမ်းရှောင်နေရတယ် နယ်စပ်တွေမှာလည်း တိုက်ပွဲဖြစ်နေတော့ ပိုဆိုးတာပေါ့ဗျာ"လို့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ထဲက ရွာသားတစ်ဦးကပြောဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန်ဟုဆိုကာ အသက် ၁၈ နှစ်မှ ၃၅ အထိ လူငယ်တွေကို ရက်ကွက် သို့မဟုတ် ကျေးရွာတခုလျင် ၂ ယောက်မှ ၃ယောက်အထိ ခေါ်ယူတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အများစုက လိုက်ပါရန် ဆန္ဒမရှိတာကြောင့် မဲနှိုက်ရွေးချယ်ကာ ဖိအားပေးခြိမ်းခြောက် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး မဲပေါက်ပြီးထွက်ပြေးတိမ်းရှောင်သွားတဲ့လူငယ်တွေနေရာမှာတော့ အိမ်ထောင်စုအသီးသီးထံမှ ငွေကြေးကောက်ခံကာ အစားထိုးခေါ်ယူခဲ့တာတွေလည်း အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

#MyanmarLabourNews

Photo- စစ်ကောင်စီ ထံစစ်မှု့ထမ်းရန် အပတ်စဥ် ၁ တပ်သားစုစောင်းစဥ်။


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026