NEWS

စစ်ကောင်စီက ထောင်ချောက်ဆင်ဖမ်းဆီးမှုကြောင့်မန္တလေးတော်လှန်ရေးအင်အားစုများမှလူငယ် ၁၀၀ နီးပါးဖမ်းဆီးခံထားရ

CoverLogo
1.4K Views

ဒီလပိုင်းမှာပဲ စစ်ကောင်စီဖက်ကတက်ကြွလှုပ်ရှားသူလူငယ်တွေ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့ကလူငယ်တွေကိုခြေရာလက်ရာမကျန်အောင်တိတ်တဆိတ်ဖမ်းဆီးတာတွေပြုလုပ်လာပါတယ်။

ဒီလိုလူငယ်တွေကိုတိတ်တဆိတ်ဖမ်းဆီးပြီးနောက် ဆက်စပ်လူငယ်တွေကိုဖုန်းဆက်ချိန်းဆိုခိုင်းကာ ထောင်ချောက်ဆင်ဖမ်းဆီးတာတွေကြောင့်မန္တလေးမြို့ပေါ်မှာတင် ယခုဒီဇင်ဘာလအတွင်းလူငယ် ၁၀၀ နီးပါးဖမ်းဆီးခံထားရပြီလို့မန္တလေးလူထုသပိတ်ကော်မတီဝင်တဦးက MLN ကိုပြောပါတယ်။

"သူတို့ဖက်ကတိတ်တိတ်လေးဖမ်းသွားတယ်ပြီးရင်အဲ့ကလေးတွေကိုအိမ်တွေလိုက်ပြခိုင်းတယ် တချို့ကိုဖုန်းဆက်ပြီးချိန်းခိုင်းတယ် အဲ့လိုနည်းနဲ့ဆက်လိုက်ဖမ်းနေတာ ခုတော်တော်ပါကုန်တယ် ရာဂဏန်းနီးပါးရှိတယ်လို့ပြောရမယ်"လို့မန္တလေးလူထုသပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ကိုသူရအောင်ကပြောပါတယ်။

ဒီလို တိတ်တဆိတ် ဖမ်းဆီးမှု့တွေကိုစစ်ကောင်စီဖက်ကပြုလုပ်လာနိုင်တာဟာမြေပြင်သတင်းစီးဆင်းမှု့အားနည်းလို့ဖြစ်တယ်လို့ကိုသူရအောင်ကသုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မန္တလေးမြို့၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Generation Z Power(GZP)အဖွဲ့ ခိုလှုံသည့် နေအိမ်တလုံးကို စစ်ကောင်စီတပ်က  ဝင်စီတာခံရပြီး ၂ ဦးကျဆုံးကာ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးတော့ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁ ယောက်သေပြီး ၁ ယောက်အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင် မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်ကို ဝင်စီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ၁ ဦးထိမှန်ကြောင်း၊ နေအိမ်မှ  (၇) ဦးကို အသေဖမ်းဆီးမိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။

မန္တလေးမြို့ပြပြောက်ကြားအဖွဲ့တခုဖြစ်သည့်GZPအဖွဲ့ဝင်များရဲ့နေအိမ်ဝင်ရောက်စီးနင်းခံရပြီးနောက်စစ်ကောင်စီဖက်ကထုတ်ပြန်သည့်ပုံ

ဒါ့အပြင်စစ်ကောင်စီဖက်ကဖမ်းဆီးရမိသူတွေကမန္တလေးကုတင် ၁၀၀၀ ဆေးရုံရှေ့သူနာပြုလင်မယားသေဆုံးမှု့ မှာပါဝင်ပတ်သက်သူတွေလို့စွပ်ဆွဲခဲ့ပြီးတော့ GZP ဖက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအတိအလင်းငြင်းဆိုထားပါတယ်။

"ခုကဒီကောင်တွေကမြို့ပေါ်မှာမထင်တဲ့အချိန်ဝင်ဖမ်းတာတွေဘာတွေလုပ်တယ် အစစ်အဆေးလဲကြမ်းနေတယ်ပေါ့ကလေးတွေလဲဖမ်းခံရတယ် ဖမ်းနေတဲ့ကြားကပဲဆက်လုပ်ရတာပေါ့"လို့မန္တလေးမြို့ကတက်ကြွလှုပ်ရှားသူတဦးကဆိုပါတယ်။

စစ်ကောင်စီဖက်ကတဦးကိုဖမ်းဆီးပြီး အဆိုပါဖမ်းဆီးရမိသူနဲ့ဆက်စပ်သူများကိုဖမ်းဆီးရမိနိုင်ဖို့အတွက်နေအိမ်ကိုလိုက်ပြခိုင်းတာတွေဖုန်းကနေတဆင့်ချိန်းဆိုခိုင်းတာတွေပြကလုပ်ပြီးဖမ်းဆီးတာလို့တက်ကြွလှုပ်ရှားတဲ့လူငယ်တွေကပြောပါတယ်။

ဒီလိုတိတ်တဆိတ်ဖမ်းဆီးပြီးနောက်ယောင်ခံထောင် ချောက်ဆင်ဖမ်းဆီးလာတာကြောင့်ပြည်သူတွေအနေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေကိုမြေပြင်အခြေအနေတွေသတင်းတွေစဥ်ဆက်မပြတ်ပေးကြဖို့လိုတယ်လို့မြို့ခံစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့လူငယ်တွေကတိုက်တွန်းထားပါတယ်။
 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025