NEWS

SEN YU MYANMAR အထည်ချုပ်စက်ရုံကလုပ်သားတွေ အလုပ်ရပ်စဲတောင်းဆိုမှု ပြေလည်မှုရ၊ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်မည်

CoverLogo
619 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဗန်းမော်အတွင်းဝန်လမ်းတွင် တည်ရှိသော (SEN YU Clothing MYANMAR CO,LTD အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာ လုပ်ခလျှော့ချခံရတာကြောင့် အလုပ်ရပ်ပြီး စက်ရုံတွင်းတောင်းဆိုတာ ၄ ရက်မြောက်မှာတော့ အလုပ်ရှင် အလုပ်သမားညှိနှိုင်းပြီး ပြေလည်မှုရခဲ့တာကြောင့် လုပ်ငန်းခွင်ပြည်လည်ဝင်ရောက် မယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်ထဲမှာ ကျွင်းကျင်ကြေးတွေဖြတ်တောက်ဖို့ ကြိုးပမ်းတဲ့ HR Manager ကို အလုပ်မှ ထုတ်ပယ်ပေးဖို့ ပါဝင်ပြီးအဲ့ဒီအချက်ကိုလည်း အလုပ်ရှင်ဘက်က သဘောတူကာ အောက်တိုဘာ ၁၈ ရက်နေ့မှစတင်ကာ အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ သဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမားတစ်ထောင်ကျော်နဲ့  Sinsay ၊TERRANOVA, P&VV စတဲ့ ကုန်အမှတ်တံဆိပ်ကိုချုပ်လုပ်နေကာ တခြားအမှတ်တံဆိပ်များကိုလည်း ချုပ်လုပ်နေတယ်သိရပါတယ်။

အလုပ်ရှင်အလုပ်သမား နှစ်ဖက်သဘောတူညီချက် တွေကို သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးက လက်မှတ်ရေးထိုးထားတဲ့စာချုပ်မှာတော့ အချက် ၁၂ ချက်ကို ထည့်သွင်းဖော်ပြထားပြီး အလုပ်သမားတွေတောင်းဆိုထားတဲ့ ဂရိတ်ကြေးတွေကို အဆင့်အလိုက် ၁၀၀၀၀ ကျပ်တိုးမြှင့်ပေးသွားဖို့အချက်ကို အလုပ်သမားတွေက ပြန်လည်ရုတ်သိမ်းပေးခဲ့တယ်လို့ဆိုပါတယ်။

"ရလာဒ်တစ်ခုပဲထူးခြားပါတယ်၊ အလုပ်သမားဆက်ဆံရေးရုံးရောက်တော့ သူတို့ကမေးတယ် တောင်းဆိုထားတဲ့အချက်တွေကို ယူမယ်ဆိုရင် မန်နေဂျာကို မထုတ်ဘူး အခု အလုပ်သမားတွေက ဘယ်လိုလုပ်လိုက်လဲဆိုတော့ အလုပ်သမားတွေရဲ့တောင်းဆိုချက်အတိုင်း မန်နေဂျာကိုထုတ်ပေးဖို့ ကျမတို့ရဲ့အခွင့်အရေးကိုမယူတော့ဘူး မန်နေဂျာကိုထုတ်ပေး သူ့ကိုထုတ်ပေးပြီး တရားဝင်စာကပ်ပေးမယ်ဆိုရင် အကုန်လုံးအလုပ်ပြန်လုပ်မယ်လို့ ပြောလိုက်တယ် သူတို့ဘက်ကတော့ ထုတ်ပေးမယ် ပြောတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

SEN YU Clothing MYANMAR အထည်ချုပ်စက်ရုံမန်နေဂျာနဲ့ တာဝန်ရှိသူတွေက စက်ရုံတစ်ရုံလုံးကို အစည်းအဝေးခေါ်ယူပြီး အလုပ်သမားအားလုံးရဲ့ ကျွမ်းကျင်ကြေးလို့ သတ်မှတ်ပေးထားတဲ့ (ဂရိတ်ကြေး)ကို မပေးတော့ဘဲ အထည်အရေအတွက်အလိုက် (တစ်ကပ်ကြေး)ဖြင့် ပြောင်းလဲသတ်မှတ်မယ်လို့  ကြေညာလိုက်လို့ အလုပ်သမားတွေကမကျေနပ်ဖြစ်ကာ အောက်တိုဘာ ၁၇ ရက်နေ့ကစလို့ကန့်ကွက်တောင်းဆိုတာဖြစ်ပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမား ၁,၀၀၀ ဝန်းကျင်က အရင် ရထားတဲ့ ကျွမ်းကျင်ကြေး(ဂရိတ်ကြေး)ကိုပဲ ပြန်​ပေးဖို့အပါအဝင်တောင်းဆိုချက် ၁၀ ချက်ခန့်ကိုပါ ထည့်သွင်းတောင်းဆိုခဲ့ကြပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းပေမဲ့ ပြေလည်မှုမရရှိဘဲ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းမှုအဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံအလုပ်သမားတွေဟာ  အရင် ရထားတဲ့ ကျွမ်းကျင်ကြေး(ဂရိတ်ကြေး)ကိုပဲ ပြန်​ပေး ဖို့၊ ရက်မှန်ကြေး ကျပ် ၁၀,၀၀၀ တိုးပေးဖို့ ၊  ဥပဒေနဲ့အညီ ခွင့်ယူရာမှာ ဒေးကြေး မဖြတ်ဖို့၊ နှစ်အလိုက် နှစ်စဥ်ကျပ် ၁၀,၀၀၀ သတ်မှတ်ပေးပြီး လစဥ်ပေးဖို့၊ လုပ်ငန်းခွင်အငြင်းပွားမှုဖြန်ဖြေရေး WCC ကို အလုပ်သမားတွေ ဆန္ဒအတိုင်းဖွဲ့စည်းခွင့်ရဖို့နဲ့ အခုတောင်းဆိုနေတဲ့အလုပ်သမားတွေကိုအလုပ်မဖြုတ်ဖို့​စတဲ့တောင်းဆိုချက်တွေကို တောင်းဆိုထားတာပါ။

နောက်ဆုံးအနေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲမှာတော့ ဂရိတ်ကြေး တိုးမြှင့်ပေးရန်တောင်းဆိုမှု ရုတ်သိမ်းခဲ့ပြီး ဥပဒေပါ ခံစားခွင့်များ ခွင့်များ ခံစားပါက ဂရိတ်မချဖို့ ၊ ရက်မှန်ကြေး ၃၀၀၀၀ ကျပ်အား ၁ ရက်ပျက်ပါက ၁၀၀၀၀ ကျပ် ၊ ၂ ရက်ပျက်ပါက ၂၀၀၀၀ ကျပ် ၊ ၃ ရက်ပျက်ပါက အားလုံးဖြတ်တောက်မှုကို သိရှိလက်ခံရန်၊ တစ်လလျှင် ဂိတ်ပတ် ၅ နာရီခွင့်ပြုဖို့ ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းဖို့နဲ့ ပွင့်လင်းမြင်သာစွာ မဲပေးဆောင်ရွက်ဖို့ စတာတွေပါဝင်ပါတယ်။

ဆက်လက်ပြီး တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၁၇ ကနေ ၂၀ ရက်နေ့အထိကို လုပ်ခလစာ ၁ ရက်ခွဲစာ ပေးချေ ပြီး ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ဂရိတ်ကြေး အဆင့်လိုက် ၅၀၀၀ ကျပ်စီ ဖြတ်တောက်ခံရမည်ကို သိရှိလက်ခံရန် ၊ ဆေးပေးခန်း နှင့် ဆရာဝန် (သို့)သူနာပြုထားရှိရန်၊ လုပ်ငန်းကြီးကြပ်သူတွေမှ အလုပ်သမားတွေကို ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုခြင်းမပြုရန် ၊ အငြှိုးအတေးထားခြင်း ခွဲခြားဆက်ဆံခြင်းများမပြုလုပ်ရန် အောက်တိုဘာ ၂၁ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် ၊ မန်နေဂျာဖြစ်သူအား အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်းနှင့် တစ်နှစ်အတွင်း ထပ်မံတိုင်ကြားတောင်းဆိုခြင်းမပြုလုပ်ရန် စတဲ့အချက်တွေကို သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026