NEWS

MoU ဖြင့်ဝင်ရောက်လာတဲ့ အလုပ်သမား ၈ဝ ကျော် ၃ ရက်သာအလုပ်ဆင်းရလို့ အခက် အခက်အခဲကြုံတွေ့နေ

CoverLogo
993 Views

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ဝင်ရောက်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MoUဖြင့် စာချုပ်ချုပ်ဆိုပြီးဝင်ရောက်လာတဲ့ MoU မြန်မာအလုပ်သမား၈၀ ကျော် လုပ်ငန်းခွင်မှာ၃ရက်သာ ဝင်ရောက်ခဲ့ရလို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမား၈၀ ကျော်ဟာ ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့ အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီမှ စာချုပ်ဖြင့် စေလွှတ်ခဲ့သူများဖြစ်ပြီး  စာချုပ်ပါလုပ်ငန်းခွင်၌ ၃ရက်တည်းသာလျှင်အလုပ်ဆင်းရပြီး  တစ်လခန့်ကြာအလုပ်မဆင်းရတာကြောင့် နေရေးစားရေး အ ခက်များကြုံတွေ့နေရလို့ ထိုင်းရောက်မြန်မာအလုပ်သမားကိုကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့သို့ အကူညီတောင်းခံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

" MOU အလုပ်သမား ၂၀၀ ကျော်ကိုဝန်ဆောင် ခတွေအဆမတန်ယူပြီးပို့ထားတဲ့ Aung Phone Myat Hein အေဂျင်စီမှတာဂန်ရှိသူများအမြန်ဆုံးတာဝန်ယူဖြေရှင်းပေးပါ။ ထိုင်းနိုင်ငံချွန်ဘူရီတွင် ရောက်ရှိနေသောMOUအလုပ်သမား
ပထမတစ်သုတ် ၄၀ ဦးနှင့်ဒုတိယတစ်သုတ် ၄၅ဦး စာချုပ်ပါစည်းကမ်းများချိုးဖောက်ခံရသဖြင့်ထပ်မံပြီးကိုရဲမင်းဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာ" တယ်လို့ ၎င်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အလုပ်သမား​တွေဟာ အခြားမြန်မာ MoU အလုပ်သမား ၁၆၆ ဦးနှင့်အတူ ချွန်ဘူရီခရိုင်ရှိ ဝရိန်လုပ်ငန်း၌ အ လုပ်လုပ်ကိုင်ရန် အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၆ ရက်က ပုသိမ်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး အေဂျင်စီအား ဝန်ဆောင်ခအဖြစ်တစ်ဦးလျင်ငွေကျပ် ၂၆ သိန်းမှ သိန်း ၃၀ အထိပေးချေကာ  မေ ၉ ရက်မှာ စမတ်ကတ်ရိုက်ပြီး မေလ ၁၂ ရက်မှာတော့  ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ၁၆ ရက်မှစ၍ ၃ရက်သာ အလုပ်ဆင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

အဲ့ဒီအလုပ်သမား ၈၀ ကျော်က အလုပ်မဆင်းရတာ တစ်လခန့်အထိရှိလာလို့ အခက်အခဲအခဲများကြုံတွေ့နေတဲ့အ​ပေါ်  အောင်ဘုဏ်းမြတ်ဟိန်း အေဂျင်စီထံ ဆက်သွယ် ပြောဆိုခဲ့ပေမဲ့ ဖြေရှင်း ပေးခြင်းမရှိလို့ ယခုလို အလုပ်သမားရေးကူညီသူများထံသို့ အကူညီတောင်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025