NEWS

လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ

CoverLogo
404 Views
 
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာလုပ်သား ၁၁ဦးဟာ မြန်မာနိုင်ငံမှ လာ​ရောက်သည့် လမ်းစရိတ် ကျပ်သိန်း၆၀၀ကျော် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်း ခန့် ကို မြန်မာပွဲစား ထံ ပေးခဲ့ရပေမယ့် အလုပ် မရဘဲ ပွဲစား ဖြစ်သူရဲ့ လိမ်လည်မှု ခံလိုက်ရတယ် လို့ ၎င်းအမှုကိုကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။
 
လက်ရှိ ဘန်‌ကောက်မြို့၊ ဒွန်းမောင်းလေဆိပ်အနီး နေထိုင်ကြ‌တဲ့ မြန်မာလုပ်သား ၁၁ဦး ကို ဧကချိုင်ဘန်းဘောဆွယ် 61/1 တွင်နေထိုင်သူပွဲစား Zaw Ye Paing ဆိုသူက အီလက်ထ‌ရောနစ် စက်ရုံတွင်အလုပ်သွင်းပေးမယ် ဆိုကာ အလုပ်သမား (၁)ဦးလျင်မြန်မာနိုင်ငံမှတက်လာသည့်လမ်းစရိတ်မြန်မာ‌ငွေကျပ်၅၆သိန်း ၊ဘတ်ရိုက်ခအတွက် ၈၅၀၀ဘတ်၊ အလုပ်စမတ်ခအတွက် ၈၀၀၀ဘတ် စုစုပေါင်းအလုပ်သမား (၁၁)ဦးစာမြန်မာငွေကျပ် ၆၁၆ သိန်း ၊ ဘတ်ရိုက်ခနှင့်စမတ်ခ ထိုင်းဘတ်ငွေ ၁၈၁၅၀၀ ဘတ်ကို ပွဲစားဆိုသူကို ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
"" ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဒီဇင်ဘာ ၃ရက်ကတည်းက ပွဲစားဇော်ရဲပိုင်ခေါ် ကိုရဲ ကို ဘတ်အတွက် ၈၅၀၀၊စမတ်ကြေး ၈၀၀၀ဘတ်ပေးချေခဲ့တယ် အခုထိ အလုပ်လဲမပေးနိုင် လက်ဗွေနှိပ်ပြီး လို့ ကျန် စာရွက်စာတမ်းတောင်းတော့လည်း ဟိုနေ့ရမယ် ဒီနေ့ရမယ် ရက်ရွှေ့ဖုန်းဆက်လည်းမကိုင်ဘူး ဒါကြောင့် WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံအကူညီတောင်းခဲ့တာပါ""လို့နစ်နာသူမြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
နစ်နာသူ မြန်မာလုပ်သား ၁၁ဦးမှာ ပွဲစားထံမှ က စမတ်ကြေးများပြန်လည်ရရှိ လိုပြီး ပွဲစားအားအရေးယူနိုင်ရန် လိုလားတဲ့အတွက် ကူညီဆောင်ရွက်ပေး ဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံ ထားတယ်လို့ သိရပါတယ်။
 
ထိုင်းရောက် မြန်မာလုပ်သား အချို့ကို အလုပ်သွင်းပေးမယ်ဆိုကာမြန်မာနိုင်ငံသား ပွဲစား တွေ က စမတ်ကြေး များ လိမ်လည် တဲ့ ဖြစ်စဉ် တွေ မကြာ ခဏ ဖြစ်နေပြီး အလုပ်သမားအရေးကူညီပေးသူတွေမှ ကူညီဖြေရှင်းပေးနေရကာ မိမိနိုင်ငံသား အချင်းချင်း အခုလို လိမ်လာတဲ့ သူတွေကို ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသားတွေက လူမှုကွန်ယက် ကနေ ရှုံ့ချ အပြစ်တင် တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026