NEWS

မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး

CoverLogo
236 Views
 
ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၂၀၀ခန့်ကို ယခု မတ်လ အတွင်း ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင် ထံ ပြန်လည် လွှဲပေးလိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မတ်လ ၉ ရက် တွင် မြန်မာ နိုင်ငံသား အမျိုးသား ၈၄ဦးနဲ့အမျိုးသမီး၂၀ဦး ကို စစ်ကော်မရှင်ထံ လွှဲပို့ပေးသလို မတ်လ၂၅ရက်က အမျိုးသား၆၇ဦးနဲ့အမျိုးသမီး ၂၁ဦး တို့ ကို ထပ်မံလွှဲပို့ပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ပြန်လည်ပို့ဆောင်ခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်းကို အ​ထောက်အထားမဲ့ ဝင်ရောက်လာတာ၊ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်တာ (Overstay) နဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိတာ စတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်မိလို့ ဖမ်းဆီးခံခဲ့ရသူတွေ အများဆုံး ပါဝင်ကာ ရနောင်းကတစ်ဆင့်ကော့သောင်း ဘက်သို့ ရေကြောင်းဖြင့် လွှဲပို့ပေးခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းအာဏာပိုင်တွေ အနေနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို လစဉ် အနည်းဆုံး တစ်ကြိမ် မြန်မာ ဘက်သို့ ပြန်လွှဲပို့ပေးပြီး ယခု ၂၀၂၆ခုနှစ် အတွင်း ယခုအကြိမ် အပါအဝင် ခြောက်ကြိမ် လွှဲပို့ ခဲ့ရာ လူဦးရေ ၅၀၀ခန့်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အတွင်းမှာလည်း ရနောင်းမှ တစ်ဆင့်ကော့သောင်း ဘက်သို့ ပြန်လွှဲပို့ခံရသူ မြန်မာနိုင်ငံသား ၂၀၀၀ကျော် ရှိတယ်လို့ သိရပါတယ်။
 
မြန်မာဘက်သို့ လွှဲ ပြောင်းခံရတဲ့ သူတွေကို ၂၀၂၄ခုနှစ်က စပြီး စစ်ကော်မရှင်က စစ်မှုထမ်း ဖို့ အတင်းအဓမ္မခေါ်ဆောင်နေပြီး စစ်မှုမထမ်းလိုတဲ့သူတွေကို မိသားစု ဝင်တွေက ပိုက်ဆံပေးကာ ပြန်ရွေးထုတ်ရတာတွေလည်းရှိတယ်လို့ စစ်မှုထမ်းအတွက်ခေါ်ဆောင်ခံရပြီး ထွက်ပြေးလွတ်မြောက်လာသူတွေ ထံ မှ သိရပါတယ် ။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026