NEWS

ILO ပုဒ်မ ၃၃ အရ အရေးယူမှုကို ကန့်ကွက်ရန် အကြပ်ကိုင် ခိုင်းစေခံရပါက တိုင်ကြားမှုများ လုပ်ဆောင်နိုင်

CoverLogo
809 Views

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အခြေခံဖွဲ့စည်းပုံဥပဒေပုဒ်မ (၃၃) (Article 33) နဲ့ အရေးယူတာကို ကန့်ကွက်မှုလုပ်ဆောင်ရေးအတွက် အသင့်ရေးသားထားတဲ့ ကန့်ကွက်စာတွေမှာ လက်မှတ် ထိုးခိုင်းတာ၊ ကန့်ကွက်စာ ရေးသားခိုင်းတာနဲ့ ဆန္ဒထုတ်ဖော် ခိုင်းတာတွေကို အကြပ်ကိုင် ခိုင်းစေခံရပါက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖေဖော်ဝါရီလ (၂၁) ရက်မှာ ထုတ်ပြန်ပါတယ်။ 

 

လက်ရှိမှာ “မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (I.W.F.M) ညီလာခံ”ဆိုကာ IWFM အဖွဲ့ချုပ် logo ကို အသုံးပြုပြီး အဖွဲ့ချုပ်က ထုတ်နှုတ်ပြီးသူတွေက Article 33 အရ အရေးယူတာကို ကန့်ကွက် ရေးအတွက် စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေပြီး ဒီလိုလုပ်ဆောင်ရာမှာ အလုပ်သမားတွေ ကို ဖိအားပေးတွေ့ဆုံတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ 

 

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေကို ဖိတ်စာပေးပို့ပြီး   “အလုပ်သမားရေးရာ အဖွဲ့မှ ပြုလုပ် သော အလုပ်သမားအဖွဲ့အစည်း တည်ဆောက်ရေးနှင့် အလုပ်သမား‌ ရေးရာ (ဥပ‌ဒေ) အသိပညာပေး ဆွေးနွေးပွဲ“ သို့ အလုပ်သမားတွေ စေလွှတ်ဖို့ ညွန်ကြားခဲ့ပြီး ဟောပြောပွဲတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ တွေမှာ  ပြုလုပ်ခဲ့ပါတယ်။ 

 

ဟောပြောပွဲတွေမှာ CTUM နဲ့  IWFM က နှုတ်ထွက်ထားတဲ့ သူတွေ  ဦးဆောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပြီး ဒီလူတွေဟာ စစ်အာဏာမသိမ်းခင်နဲ့ သိမ်းပြီးတဲ့ကာလတွေမှာ အဖွဲ့ချုပ် မှာ ပါဝင်မှုမရှိတော့ဘဲ နှုတ်ထွက်ထားသူတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

 

“IWFM အဖွဲ့ချုပ် အမှတ်တံဆိပ် (Logo) ကို ခိုးယူအသုံးပြုသူတွေဖြစ်တဲ့ ဦးမျိုးမြင့်၊ ဦးမျိုးဇော်ဌေး၊ ဦးစိုးမင်းလှိုင်၊ ဒေါ်မြင့်နှင်းသက် (မြနှင်းသက်) နဲ့ ဦးရဲသူရအောင် အပါ IWFM အမှတ်တံဆိပ်ခိုးယူပြီး IWFM အမည်ခံ ဆောင်ရွက် သူတွေကို ဖော်ထုတ်ကာ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG တရားရုံးမှာ တရားစွဲဆိုမှု ပြုလုပ်သွားမှာဖြစ်သလို အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာလည်း တရားစွဲဆိုတာတွေ ပြုလုပ်သွားမယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

 

စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က Article 33 အရ အလုံးစုံစီးပွားရေးပိတ်ဆို့ အရေးယူတာက အလုပ်သမားတွေက လက်မခံဘူးလို့ ပုံဖော်ဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဒီအခြေအနေ မှာ တရားဝင်ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့ချုပ်က တာဝန်ရှိသူတွေကိုတော့ ဖမ်းဝရမ်းတွေ ထုတ်ထားပြီး အဖွဲ့ အစည်းနာမည်ကို အလွဲသုံးစား လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေအနေနဲ့ ဖိအားပေးပြီး အကြပ်ကိုင် ခိုင်းစေခံရပါက IWFM အဖွဲ့ချုပ်ရဲ့ တရားဝင် စာမျက်နှာ ဖြစ်တဲ့ https://www.facebook.com/IndustrialWorkersFederationOfMyanmar.IWFM/  ကို ဆက်သွယ် သတင်းပို့ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026