NEWS

Honeys စက်ရုံ အလုပ်သမား ၄၀၀ ကျော်ရဲ့နစ်နာမှုတွေအတွက် လှုပ်ရှားမှုကမ်ပိန်းမှာ  နိုင်ငံပေါင်းစုံကသမဂ္ဂတွေပါဝင်လာ

CoverLogo
515 Views

ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်ရဲ့ ၇ နှစ်အကြာ နစ်နာမှုတွေအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုကမ်ပိန်းမှာ နိုင်ငံပေါင်းစုံက အလုပ်သမားသမဂ္ဂတွေပါ ပူး ပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။ 

 

အဆိုပါလှုပ်ရှားမှုကမ်ပိန်းကို ဂျပန်နိုင်ငံရှိဂျပန်လူထုဆီအထိ  သွားရောက်ပြသတာဟာ ဂျပန်နိုင်ငံပိုင် Honeys အထည်ချုပ်စက်ရုံက  အလုပ်သမား ၄၀၀ ကျော်ရဲ့ခံစားခဲ့ရတဲ့ မတရားမှူတွေနဲ့ အဲဒီအလုပ်သမားတွေကို  ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေါ်မျိုးအေးရဲ့ (၇)နှစ်ကျော် ကြာအောင်တရားစွဲခဲ့တာတွေ အတွက်တရားမျှတမှူပြန်လည်တောင်းဆိုတဲ့အနေနဲ့  ဂျပန်အထိသွားရောက်ခြင်းဖြစ်သလို တောင်းဆိုမှုမရမချင်း ဒီ Campaign က ဆက်ရှိနေမယ်လို့လည်း ဆိုထားပါတယ်။  

 

အခုလို ဂျပန်နိုင်ငံကိုသွားရောက်ပြီး ကမ်ပိန်းပြုလုပ်တဲ့အပေါ်  နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားလိုမှုကြောင့် လုပ်ဆောင်တယ်ဆိုတဲ့စွတ်စွဲချက်တွေလည်း ရင်ဆိုင်ခဲ့ရတယ်လို့ STUM ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။ 

 

"ဒီနေ့မှာရှင်းပြလိုက်တာကတော့ ၂၀၁၆ MICS ညီလာခံက  STUM ခွဲထွက်ပြီး ကနေပြီး ကိုတွေဘာလုပ်လဲ နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားမှုအတွက်ဘာလုပ်သလဲ နိုင်ငံရေးပါတီတွေနဲ့ ပလူးပလဲနေသလား ဟိုနိုင်ငံရေးပါတီကို ပြေးကပ်လိုက် ဒီနိုင်ငံရေးပါတီကို ပြေးကပ်လိုက် လုပ်ခဲ့သလား ၊ STUM သည် တစိုက်မတ်မတ် အလုပ်သမားအရေးကို သာလုပ်ခဲ့တာ အလုပ်သမားဘက်ကသာ ရပ်တည်ခဲ့တာ အဲ့ဒီအတွက်ကြောင့်မို့ ဘယ်အစိုးရ ဘယ်ပါတီမှ မျက်နှာချိုသွေးနေမှာမဟုတ်ဘူး STUM  မူဝါဒမှာကိုက ဘယ်အစိုးရလက်ကိုင်တုတ်မှမလုပ်သလို ဘယ်ပါတီရဲ့ အသုံးချခံမှမလုပ်ဘူး ဆိုတာပါပြီးသားဖြစ်တယ်ဆိုတာ ရှင်းပြခဲ့တယ်"လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ 

 

အဆိုပါအထည်ချုပ်စက်ရုံရဲ့ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  Global Campaign တစ်ခုဖြစ်တဲ့ Honeys PayYourWorkers ကမ်ပိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစတင်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ 

 

အဆိုပါ Photo  Campaign ကို အရှေ့တောင်အာရှမှာရှိတဲ့ အာဆီယံနိုင်ငံတွေ နဲ့ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ CCC နဲ့ STUM တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်လို့ ယခုအချိန်မှာတော့ နိုင်ငံပေါင်းစုံကအလုပ်သမားသမဂ္ဂတွေ အရပ်ဖက်အဖွဲ့အ စည်းတွေလည်း သွေးစည်းညီညွှတ်မှူ ကိုပြသတဲ့အနေနဲ့အားလုံးပါဝင်လာကြတာဖြစ်တယ်လို့  သိရပါတယ်။  

"အမှုပိတ်ပေးလိုက်တဲ့နောက်ပိုင်းမှာ အလုပ်သမား ၄၄၈ ဦး အတွက် နစ်နာကြေးတွေပြောတဲ့အခါ  အမှုပိတ်လိုက်ပြီဖြစ်တဲ့အတွက် သူတို့အတွက်ပြီးသွားပြီပေါ့နော် မြန်မာပြည်မှာလက်ရှိ ဖြစ်နေတဲ့ကိစ္စ ပဲစိတ်ဝင်စားတယ် ပြီးခဲ့တဲ့ကိစ္စ စိတ်မဝင်စားဘူးပြောတယ် ကုမ္ပဏီဘက်ကတော့ အခုချိန်ထိ လက်ခံစကားပြောဖို့ အစီအစဉ်မရှိဘူး။  ဂျပန်မှာ တရားရုံးပြင်ပစေ့စပ်ညှိနှိုင်းတာတို့ တခြားတိုင်တန်းတဲ့နည်းတို့ နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖို့ ရှိနေတယ် "တောင်းဆိုထားတာမပေးမချင်း CCC  ကမ်ပိန်းကလည်း  ရပ်သွားမှာမဟုတ်သလို STUM  ကလည်း ရပ်သွားမှာ မဟုတ်ဘူး" ဒေါ်မျိုးမျိုးအေးကပြောပါတယ်။ 

 

အဲဒီလိုနစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့မှုနဲ့  ဒေါ်မျိုးအေးအပေါ်တရားစွဲဆိုခဲ့မှုအတွက် နစ်နာကြေးကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ရလိုမှုအတွက် နစ်နာမှုအတွက် ပြန်လည်တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

 

Honeys Garment အထည်ချုပ် စက်ရုံက မင်္ဂလာဒုံမြို့နယ်မှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့်  အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့ရာမှ အလုပ်သမားထောင်ချီဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်ဟာ အလုပ်ထုတ်နစ်နာကြေးမရဘဲ အလုပ်မှ ထုတ်ပယ်ခံခဲ့ရတာပါ။ 

 

အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမား အရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို  အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးဖြစ်တဲ့ ငွေကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ရလိုမှုနဲ့  ၇ နှစ်ကြာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

 


Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကျင်းပ
Oct 07, 2025
Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
သတင်းလွတ်လပ်ခွင့် အဆင့် ၁၆၉ နဲ့ သတင်းသမားတွေအန္တရာယ်အများဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်
May 03, 2025
Cover
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ  လုပ်ငန်းခွင် ဆေးပေးခန်းမှာထည့်သွင်းပေးဖို့ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်
Mar 07, 2025
Cover
ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို   နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို
Mar 05, 2025