NEWS

မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်

CoverLogo
678 Views
 
 
ဥရောပ အကြီးဆုံး လေကြောင်း ကုမ္ပဏီ AIRBUS အနေနဲ့မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့အဆက်အနွယ် တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ နဲ့ လက်တွဲဖြုတ်ခဲ့ကြောင်းသွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign)ကနေထုတ်ပြန်လိုက်ပါတယ်။
 
အဆိုပါ လေကြောင်း ကုမ္ပဏီ AIRBUS ကတရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ်လုပ်ရေးနဲ့စစ်ရေးနည်းပညာ ကုမ္ပဏီ Aviation Industry Corporation of China (AVIC) ရဲ့ လုပ်ငန်းခွဲဖြစ်သော AviChina Industry & Technology Company Limited နဲ့ ရင်နှီးမြုပ်နှံမှု ပူးပေါင်း လုပ်ကိုင်ခြင်းကို ယခုနှစ် ဧပြီလ ၁ ရက်နေ့ကစကာ ရပ်တန့်ခဲ့တဲ့အပေါ်သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) ကကြိုဆိုခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာ စစ်အုပ်စုအတွက် နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်သလိုအကြမ်းဖက် စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းများနဲ့ နည်းပညာ ထောက်ပံ့ပေးနေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက်ထိခိုက်မှုတွေလည်းဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
 
"“အကြမ်းဖက် စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တရုတ်အစိုးရပိုင် AVIC, AviChina ကုမ္ပဏီတွေကနေ အဓိက အထောက်အပံ့ ရရှိနေတာဖြစ်တယ်။ AIRBUS ကုမ္ပဏီ အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအပေါ် ဆက်လက် ခိုင်မာစွာ ရပ်တည်ဖို့လည်း လိုအပ်ပါတယ်။
 
လက်ရှိမှာ Airbus ဟာ တရုတ်နိုင်ငံအတွင်းမှာ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောက်ရွက်တာတွေရှိနေသေးတဲ့အတွက် Airbus ဟာ သူ့ရဲ့ လုပ်နိုင်စွမ်း ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေး လုပ်ဆောင်ရပါမယ်” လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု(Blood Money Campaign)အဖွဲ့ရဲ့ပြောရေးဆိုခွင့် ရှိသူ မူလန်က ပြောထားပါတယ်။
 
AIRBUSက တရုတ်စစ်လေယာဉ်ထုတ် ကုမ္ပဏီ AviChina နဲ့ပူးပေါင်းတဲ့ ရင်းနှီးမြုပ်နှံမှု ရပ်လိုက်တာဟာပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နဲ့အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စုရဲ့ဖိနှိပ်ခြိမ်းခြောက်မှု အကြမ်းဖက်မှုများ ကြားမှ ရရာနည်းဖြင့် သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes လှုပ်ရှားမှုရဲ့အောင်မြင်မှု ရလာဒ် တခု ဖြစ်ကြောင်းနဲ့ တခြားသော နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုး နေခြင်းများကို ချက်ချင်းရပ်တန့်ရဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
 
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money Campaign) အနေနဲ့ တော်လှန်ရေး သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နဲ့သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ အမျိုးသမီးနဲ့ အလုပ်သမား၊ လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်နိုင်ငံ နဲ့ နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများရဲ့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် AIRBUS SE ဥရောပ လေကြောင်း ကုမ္ပဏီ မှ AviChina တရုတ်အစိုးရပိုင် စစ်လေယာဉ်ထုတ် ကုမ္ပဏီ ကိုလက်တွဲဖြုတ်ခဲ့တာဟာ ရရှိလာတဲ့ ပြည်သူ့အောင်ပွဲ ဖြစ်ပြီး ဝမ်းသာ ဂုဏ်ယူ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

Related posts

Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025
Cover
ရန်ကုန်လေဆိပ်ကို ညပိုင်းအချိန် ၂လကြာပိတ်မယ်လို့ကြေညာ
Oct 30, 2025
Cover
ဆန်တန်ချိန်၂၅ တန်နှင့်အထက်သိုလှောင်ရုံများအား မှတ်ပုံတင်ခိုင်း၊ လစဉ် ကုန်ရ ကုန်ထုတ် စာရင်းများပါပေးပို့ရမည်ဟုဆို
Oct 30, 2025
Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025
Cover
ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး
Oct 28, 2025