NEWS

သတင်းလွတ်လပ်ခွင့် အဆင့် ၁၆၉ နဲ့ သတင်းသမားတွေအန္တရာယ်အများဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်

CoverLogo
413 Views

မြန်မာဟာ သတင်းလွတ်လပ်ခွင့်အဆင့် ၁၆၉ သတ်မှတ်ခံရပြီး သတင်းသမား တွေအတွက်အန္တရာယ်အများဆုံးနိုင်ငံစာရင်းမှာပါဝင်နေကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကထုတ်ပြန်တဲ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာဖော်ပြချက်အရ သိရပါတယ်။ 

 

မေ ၃ ရက်နေ့ ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ရာ  မြန်မာက သတင်းသမားတွေအနေနဲ့  နိုင်ငံတွင်းမှာ သတင်းလွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ စည်းရုံးလှုံ့ဆော်မှု၊ နေအိမ်တွေ ဖျက်ဆီးခံရမှု၊ ဒါမှမဟုတ် အတင်းအဓမ္မ ပြည်နှင်ဒဏ် ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ကြုံ‌  တွေ့ကာအသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းထောက် အရေအတွက် တိုးလာလျက်ရှိတယ်လို့လည်းဆိုပါတယ်။ 

 

“လွတ်လပ်တဲ့ သတင်းမီဒီယာကဏ္ဍဟာ ကျွန်တော်တို့မှာ ကျန်ရှိနေသေးတဲ့ လက်နက်အနည်းငယ်ထဲက တစ်ခုပဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဘက်ကနေ အမှန်တရားကို အကြောင်းအမျိုးမျိုးနဲ့ ဖုံးဖိဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့တွေအနေနဲ့ ပေါ့တ်ကတ်စ်တွေ၊ သတင်းစာစောင်တွေ၊ အွန်လိုင်းမှရေးသားတင်ပြမှု စတာတွေကနေတဆင့် အမှန်တရားကို ဆက်လက်ဖော်ထုတ်နေကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက တရားမျှတမှုဟာ အာဏာရှင်တွေအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်လာတဲ့ အခုလို အမှောင်ခေတ်မှာ သတင်းစာပညာဟာ အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့သာ မဟုတ်တော့ဘဲ အသက်သွေးကြောတစ်ခု၊ အကာအကွယ်တစ်ခု၊ လက်နက်တစ်ခု ဖြစ်တာအပြင် ‌တော်လှန်ရေး နည်းနာတစ်မျိုးလည်းဖြစ်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟာ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်၊ မေးခွန်းထုတ်ခွင့် စတာတွေပါဝင်တဲ့ ဒီမိုကရေစီတိုက်ပွဲ ဖြစ်ကြောင်း ထပ်လောင်း သတိပေးချက်တစ်ခုဖြစ်ပါတယ်” လို့ Towards Media မှ Co-founder & Program Director ဖြစ်သူ ကိုလင်းထက်က ပြောကြားပါတယ်။ 

 

သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေထဲ တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့က ထိပ်ဆုံး ၃ နိုင်ငံအဖြစ်  ရပ်တည်နေကြောင်း သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းလည်းထုတ်ပြန်ထားပါတယ်။ 

 

“မြန်မာနိုင်ငံက သတင်းသမားတစ်ယောက်အနေနဲ့ သတင်းလွတ်လပ်ခွင့် မရရှိခဲ့တာ ဆယ်စုနှစ်များစွာပါပဲ။အခုအချိန်ကတော့ အဆိုးရွားဆုံး အခိုက်အတန့်ကို ပြန်ရောက်သွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ စစ်ရေး ၊ နိုင်ငံရေး နဲ့ သဘာဝဘေး အန္တရာယ်ကြားထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့် မရှိခြင်းဟာ လူထုကို ဆိုးဆိုးရွားရွား နစ်နာစေပါတယ်။ အမှန်တော့ ကမ္ဘာအရပ်ရပ်မှာလည်း သတင်းလွတ်လပ်ခွင့်တွေ အတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာ့ကပ်ဘေးတွေ ၊ စစ်ပွဲတွေ ကြားမှာ သတင်းလွတ်လပ်ခွင့် ဟာ ပိုမိုပြီး တော့အရေးကြီးလာပါတယ်။ မြန်မာ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ မိတ်ဆွေသတင်းသမားများ အမြန်လွတ်မြောက်ဖို့ ဆန္ဒပြုပါတယ်။” ဟု  လေးဝတီ FM ရဲ့ အယ်ဒီတာ မကေဇူးက ပြောပါတယ်။ 

 

“မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ မှာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ရရှိရန် ရင်းနှီးပေးဆပ်မှုပေါင်းများစွာဖြင့် တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာ့တစ်လွှားက သတင်းမီဒီယာများ၊ သတင်းသမားများနှင့်  သတင်းရင်းမြစ်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်ပါတယ်။ "လို့ Exile Hub မှ Ma Zee ကလည်း ယခုလို မှတ်ချက်ပြု ပြောထားပါတယ်။ 

 

သတင်းမီဒီယာ နဲ့ သတင်းသမား တွေအနေနဲ့  အမှန်တရားအတွက် ဆက်လက် ရပ်တည်လုပ်ကိုင်နိုင်ဖို့အတွက် Exile Hub မှ လုံခြုံစိတ်ချရတဲ့ safe house မှာထားရှိပေးခြင်း၊ emergency fund ကူညီခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် fellowship အစီအစဉ် နဲ့ grant opportunities မျာ ပေးအပ်ခြင်းအပြင် သူတို့ရဲ့ လိုအပ်တဲ့ သင်တန်း support/resources တွေ ကို ၂၀၂၁ ခုနှစ်တည်းက စတင်လုပ်ဆောင်လာတာမှာ လုံခြုံရေးသင်တန်းများ၊ စိတ်ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု နဲ့ပရော်ဖက်ရှင်နယ် တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များစွာ ကို ယနေ့ထက်တိုင် ပြုလုပ်နေရာ အဆိုပါ သင်တန်း ၊ သတင်းတို့နဲ့ပတ်သက်သော အကြောင်းအရာများကို Exile Hub Telegram Channel တွင် ပုံမှန် ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရပါတယ်။ 

 


Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026