ပြည်တွင်းအလုပ်သမားတွေရဲ့တစ်နေ့လုပ်အားခနဲ့ကိုက်ညီမှုမရှိတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင် တွေရဲ့ ဆေးပေးခန်းတွေမှာထည့်သွင်းထားရှိပေးဖို့ အမျိုးသမီးများနေ့ကမ်ပိန်း တစ်ခုအဖြစ် တောင်းဆိုနေကြပါတယ်။
မတ် ၈ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ရဲ့ Womens Committee FGWM နဲ့ မဟာမိတ် သမဂ္ဂ တွေ ပူးပေါင်းပြီး မတ်လ ၅ ရက်ကစတင်ပြုလုပ်နေတာဖြစ် ပါတယ်။
အဆမတန်မြင့်တက်လာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဟာ ဈေးနှုန်းဟာ အလုပ်သမား အမျိုးသမီးတွေ အတွက် အခက်အခဲတစ်ခုလိုဖြစ်ပေါ်လာတဲ့အတွက် စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင် တွေရဲ့ဆေးပေးခန်းတွေမှာထည့်သွင်းပေးဖို့နဲ့ အဆိုပါလစဉ်သုံးပစ္စည်းတန်ဖိုးကို အထောက်အပံ့အဖြစ်ပြုလုပ်ပေးဖို့ ထည့်သွင်းတောင်းဆိုထားတာတွေ့ရပါတယ်။
"ဟုတ်ပါတယ်။ ဒါကပြောရမယ်ဆိုရင်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ စက်ရုံတွေရဲ့ဆေးပေးခန်းတွေမှာ ခေါင်းကြည်ဆေးလောက်တောင် တောင်းရတာခက်နေချိန် ဒီလိုတောင်းဆိုဖို့ကခက်တော့ခက်ပါလိမ့်မယ်။ ဒါပေမဲ့တစ်ကယ်ကိုလိုအပ်နေတာပါ။ ရတာကတစ်နေ့လုံးလုပ်မှ ၆၈၀၀ ဆိုတော့ ဒီဟာလေးကိုတော့စက်ရုံတွေကဆေးခန်းတွေမှာထားပေးမယ်ဆိုရင် ကောင်းတာပေါ့။ တစ်ချို့ကလုံခြည်စုတ်ကို pad အဖြစ်သုံးလာကြပြီ။ ဒါကအလုပ်သမားတွေအတွက် ပိုဆိုးလာတဲ့ရပ်တည်ရမှုတွေကို ပြနေတာပါပဲ"လို့ ဒဂုံမြို့သစ်တောင်ပိုင်းစက်မှုဇုန် ၂ အလုပ်သမား အမျိုးသမီးတစ်ဦးကဆိုပါတယ်။
ယနေ့မှာ အထည်ချုပ်လုပ်ငန်းခွင်ထဲကအမျိုးသမီးအလုပ်သမတွေအနေနဲ့ လုပ်ငန်းခွင်ထဲက စနစ်ရဲ့ ဖိနှိပ်မှုတွေဖြစ်တဲ့ လုပ်ခလစာနည်းပါးမှု ၊ အလုပ်အကိုင်ရှားပါးမှု ၊ ခွဲခြားဆက်ဆံမှု ၊ဖိနှိပ်မှု အချိန်ပိုလုပ်အားပိုအတင်းအဓမ္မခိုင်းစေမှု ၊ဗိုလ်ကျအအနိုင်ကျင့်စော်ကားခံရမှု ၊ ဥပဒေမဲ့အလုပ်ထုတ်မှု ၊ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရမှု ၊ ဥပေဒပါ အခွင့်အရေးများဆုံးရှုံးနေမှု ၊ လူ့အခွင့် အရေး အလုပ်သမားအခွင့်အရေးတွေကိုပြောင်ပြောင် တင်းတင်း ချိုးဖောက်ခံနေရမှုများကိုကြံ့ကြံ့ခံနေကြတဲ့အပြင် ဆက်တိုက်အဆမတန်မြင့်တက်နေတဲ့ကုန်ဈေးနှုန်းနဲ့ မြင့်တက်လာခြင်းမရှိတဲ့လုပ်ခလစာငွေကြေးနဲ့ မိသားစုစားဝတ်နေရေးကိုအဓိက ဦးစားပေးဖြေရှင်းနေရတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီသွေး ပြဿနာကို ဖြေရှင်းဖို့ ဦးစားမပေးနိုင်တဲ့အခြေနေတွေမှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာတယ်လို့ ဆိုပါတယ်။
"ဘာ့ကြောင့် အကြီးမားဆုံးစိန်ခေါ်မှုလိုပြောရလဲဆိုရင် ၂၀၂၀ စစ်အာဏာမသိမ်းခင် အမျိုးသမီး ထုအတွက် ရာသီသွေး ကိစ္စ ဖြေရှင်းဖို့ Pad ( ဓမ္မတာလာစဉ်အသုံးပြုပစ္စည်း ) တစ်ထုပ်တန်ကြေး အမြင့်ဆုံးမြန်မာ ကျပ်ငွေ ( ၈၀၀ကျပ် နှင့် ၉၀၀ကျပ် ) ကြားမှာပဲရှိပါလိမ့်မယ် ။ ယခုဈေးနှုန်း လုံလုံခြုံခြုံ မယိုမဖိတ်ဆိုရင် ( ၃၅၀၀ ကျပ်နှင့် ၃၈၀၀ကျပ်) ကြားမှာ ရှိပါတယ်။ တနေ့လုပ်အားခ မြန်မာကျပ်ငွေ ( ၁၀၀၀၀)ကျပ် မပြည့်တဲ့လုပ်အားခနဲ့ အမျိုးသမီးထု အတွက် မရှိမဖြစ်အသက်တမျှအရေး ကြီးသော ရာသီသွေးပြဿနာကို ဘယ်လိုဖြေရှင်းနေကြလဲ။ ဘယ်သူတွေမှာတာဝန်ရှိလဲ"လို့ ထုတ်ပြန်ချက်မှာ ထုတ်ဖော်မေးခွန်းထုတ်ထား တာဖြစ်ပါတယ်။
လုပ်ငန်းခွင်ထဲကအမျိုးသမီးထုအတွက်တောင်းဆို ချက် ( ၆ ) ချက်ကို online campaign ပြုလုပ် တောင်းဆိုတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သမဂ္ဂရဲဘော်တွေ မဟာမိတ်အဖွဲ့ တွေ ညီအမ တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းအသီးသီးက ညီအမ တွေလည်းသွေးစည်းညီညွတ်မှုနဲ့ ကမ်ပိန်းကို ထောက်ခံဝန်းရံပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ကမ်ပိန်းရဲ့တောင်းဆိုချက် ၆ချက်ကတော့
၁။ လုပ်ငန်းခွင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ (ဓမ္မတာလာစဉ် အသုံးပြုပစ္စည်းများ) အား အခမဲ့ ထားရှိပေး (သို့ ) လစဉ်သုံး ပစ္စည်းစရိတ်ဖိုးအား ဘောနပ်အနေဖြင့် လစာထပ်ဆောင်း တွက် ချက်ပေး ရေး ။
၂။ အမျိုးသမီးအလုပ်သမားများအား ဓမ္မတာလာစဉ် ကာလများတွင် လစာအပြည့်ဖြင့်ခွင့်ရက်ပေး ရေး။
၃။ အမျိုးသမီးအလုပ်သမားများအား ကိုယ်ဝန်ဆောင်စဉ်နှင့် ဓမ္မတာလာစဉ်ကာလများတွင် အလုပ်ဝန်လျော့ပေါ့ပေး၊ တစ်ဖက်သက်စံချိန်တောင်းခြင်းအားရပ်တန့်ပေး။
၄။ လုပ်ငန်းခွင်က အမျိုးသမီးအလုပ်သမတွေအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး ၊ ရာသီသွေးလာချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေး။
၅။ သားဆက်ခြားရန်လိုအပ်ချက်အတွက် အပိုလစာထပ်ဆောင်းပေး။
၆။ အိမ်သာ ၊ သောက်ရေ ၊လက်ဆေးဆပ်ပြာနဲ့ လစဉ်သုံးစွန့်ပစ်ပစ္စည်းအမှိုက် ပုံး သန့်ရှင်းမှုရှိနေစေရေး လုပ်ဆောင်ပေး စတဲ့တောာင်းဆိုချက်တွေဖြစ်ပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
NEWS
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လုပ်ငန်းခွင် ဆေးပေးခန်းမှာထည့်သွင်းပေးဖို့ အမျိုးသမီးများနေ့ ကမ်ပိန်းပြုလုပ်

698 Views
Related posts

ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ဖြေရှင်းပေးရန် တောင်းဆို
Jun 07, 2026

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026

အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကျင်းပ
Oct 07, 2025

မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025

သတင်းလွတ်လပ်ခွင့် အဆင့် ၁၆၉ နဲ့ သတင်းသမားတွေအန္တရာယ်အများဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်
May 03, 2025

ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို
Mar 05, 2025

Honeys စက်ရုံ အလုပ်သမား ၄၀၀ ကျော်ရဲ့နစ်နာမှုတွေအတွက် လှုပ်ရှားမှုကမ်ပိန်းမှာ နိုင်ငံပေါင်းစုံကသမဂ္ဂတွေပါဝင်လာ
Feb 22, 2025
