NEWS

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို

CoverLogo
247 Views
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ထိရောက်တဲ့ ဖိအားပေး တောင်းဆိုမှုများပြုလုပ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းများသို့ အဖွဲ့အစည်း ၅၈ ဖွဲ့က ဧပြီ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
 
ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံ (ASEAN) ၊ အမေရိကန် နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များထံသို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပါအဝင် မြန်မာ ပြည်တွင်း ဆိုးရွား စွာဖြစ်ပေါ်လျက်ရှိတဲ့ စစ်ရာဇဝတ်မှု၊လူ့အခွင့်ရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက် နေတဲ့ ရာဇဝတ်မှု များ အမြန်ဆုံး ရန်တန့်ရန် ထိရောက်တဲ့ ဖိအားပေး လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးရန်အထူးအလေးထား တောင်းဆိုထားပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အကျဉ်းထောင် ထိန်းသိမ်းရေးစခန်းများတွင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇၂၁၆ ဦး၊ အမျိုးသမီး ၆၃၉၄ ဦးနဲ့ ကလေးသူငယ် ၆၃၇ ဦးကို ဖမ်းဆီးအကျဉ်းချထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ အကျဉ်းထောင်တွင်း မတရားဖမ်းဆီး အကျဉ်းချခံထားရစဉ် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၃၇ဦး၊အမျိုးသမီး ၄၁ဦး၊LGBT ၁ဦး စုစုပေါင်း ၂၇၉ ဦး တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးပေါ်ကုသခွင့် မရရှိမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
အရပ်ဖက်အဖွဲ့အစည်းများရဲ့ စုပေါင်းတောင်းဆိုချက်တွင် အဓိကအချက် ၅ ချက် ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် စစ်အုပ်စုရဲ့ အတုအယောင် အစိုးရယန္တရားအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အသိအမှတ်မပြုရန် နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
 
ဧပြီ ၂၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်နေ့ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်ဝတ်စုံ ဝတ်ဆင်ကာ ဆက်တိုက် တောင်းဆိုခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။
 
၎င်းနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုရန်အတွက်လည်းကောင်း တက်ကြွလှုပ်ရှားသူများ ၊အဖွဲ့စည်းများက ဧပြီလ ၁၀ ရက်နေ့မှ၂၁ရက်အထိ ၁၂ ရက်တာ "Blue Shirt Campaign" လူထုလှုပ်ရှားမှု တစ်ရပ်ကို ဖေါ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026