NEWS

ECစာချုပ် ချုပ်ထားသည့် အမျိုးသားများ ပြည်ထွက်ခွင့် မသေချာ၊ အေဂျင်စီ အချို့ ငွေ ပြန်အမ်းဖို ပြင်

CoverLogo
693 Views
 
ပြည်ပကို တရားဝင် သွားရောက် အလုပ် လုပ်ကိုင်ဖို့ အလုပ်ရှင် အလုပ်သမား ECစာချုပ် ချုပ်ထားတဲ့ အသက် ၁၈နှစ်ကနေ ၃၅နှစ်အရွယ် အမျိုးသားတွေ ပြည်ပ ထွက်ခွင့် မသေချာတော့လို့ သွင်းငွေတွေ ပြန်ပေးဖို့ ပြင်ဆင်လာတယ်လို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ အသက်၁၈နှစ်ကနေ ၃၅နှစ် အတွင်း အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနက ပိတ်ပင်ခဲ့ရာမှာ အရင် ECစာချုပ် ချုပ်ထားသူတွေကိုပါ ထွက်ခွင်မပြုတော့တာ ဖြစ်ပါတယ်။
 
စာချုပ်ချုပ်ထားတဲ့ လုပ်သားတွေ ပြည်ပ ထွက်ခွင့်မပြုလို့ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)က ဦးဆောင်ပြီး လိုင်စင်ရအေဂျင်စီတွေက စာချုပ်ချုပ်ထားသူတွေ ထွက်ခွာခွင့်ပြုဖို အလုပ်သမားဝန်ကြီးဌာနကို ဧပြီ ၃ဝရက်မှာ စုပေါင်း တင်ပြတောင်းဆို ခဲ့ပါတယ်။
 
"အခုချိန်ထိ ဝန်ကြီးဌာနက ဘာမှ အကြောင်းပြန်တာမျိုးမရှိသေးဘူး။ တစ်ဖက်ကလည်း စာချုပ် ချုပ်ထားတဲ့ အလုပ်သမားတွေ အချိန်ကြာလာတာနဲ့ အမျှ ပြောလာကြပြီ။ အာ့ကြောင် အခုလကုန် မထူး ခြားရင်တော့ စာချုပ် ချုပ်ထားတဲ့ အလုပ်သမားတွေ သွင်းထားတဲ့ ဝန်ဆောင်ခငွေထဲကနေ နှစ်ဦး နှစ်ဖက် အဆင်ပြေမယ့် ပမာဏကို ပြန်ပေးဖို လုပ်ဆောင်ထားပါတယ်"လို့ ထိုင်းနိုင်ငံကို လုပ်သားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။
 
အခုလို ကြိုတင်ကြေညာတာမရှိဘဲ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်တာကြောင့် ဝန်ဆောင်မှု ပေးတဲ့ အေဂျင်စီတွေ နစ်နာရတာထက် အလုပ်သမားတွေက ပိုမိုနစ်နာရတယ်လို့ ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့ လုပ်သားတဦးက ပြောပါတယ်။
 
"ထိုင်းသွားဖို့ စာချုပ်ချုပ်ထားတာ ၄လကျော်ပြီ။ အခုအေဂျင်စီ ဘက်က ဖုန်းဆက်တယ် ။ အခု ၂၅ရက် နောက်ပိုင်း အခြေနေ မထူးရင် သွင်းထားတဲ့ငွေ လာထုတ်ဖို့ ပြောတယ်။ ဒါပေမယ့် သွင်းထားငွေ အကုန် ပြန်မရနိုင်ဘူးလို့လည်း ပြောတယ်။ သူတို့ဘက်ကလည်း ကုန်ကျထားတာတွေ ရှိလို့ပါလို အေဂျင်စီဘက်က ပြောတယ်။ ဘယ်လောက်ပြန်ရမလဲတော့ မသိသေးဘူး ။ သူတိုဘက်ကို နားလည် ပေမယ့်၊ ပြည်ပထွက်ဖို ချေးထားတဲ့ငွေတွေက အတိုးတွေတတ် နဲ့ ဘဝပျက်မယ့်အခြေနေ ဖြစ်နေပြီ”လို့ စာချုပ်ချုပ်ထားတဲ့ လုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ကန့်သက်ပိတ်ပင်မှုတွေ အမျိုးမျိုးကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက လုပ်ဆောင်နေပြီး အသက်ကန့်သတ် အကျုံးဝင်အမျိုးသားလုပ်သားတွေကို ပြည်ပ ထွက်ခွင့် မပြုသလို၊ အသက်ကန့်သက်ချက်နဲ့လွတ်ကင်းတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီး လုပ်သားတွေကိုလည်း ပြည်ပထွက် အလုပ်လုပ်ခွင့်ကို လူဦးရေ အနည်းငယ်စီသာ ခွင့်ပြုနေပါတယ်။
Photo-MOEAA

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026