NEWS

Aeon Orange ဈေးဝယ်စင်တာရဲ့ဒါရိုက်တာ ဂျပန် နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တောင်းဆို

CoverLogo
678 Views

မြန်မာနိုင်ငံ အတွင်း ဆန်ဈေးနှုန်း ကို သတ်မှတ်ဈေးထက် များစွာ ဈေးတင်ရောင်းတဲ့ အ​ကြောင်းပြချက်နဲ့ Aeon Orange ဈေးဝယ်စင်တာရဲ့ ဒါရိုက်တာ ဂျပန် နိုင်ငံသား အဖမ်းခံထားရတာ နဲ့ ပက်သက်ပြီး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရနဲ့ရန်ကုန်ရှိဂျပန်သံရုံးတို့ က တောင်းဆိုထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက NHK ဂျပန်သတင်းဌာနကို ပြောကြားရာမှာ ဂျပန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို သိရှိပြီး အဆိုပါ ဂျပန်နိုင်ငံ သားကို ပြန်လွှတ်ပေးဖို့  မြန်မာစစ်တပ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆန်ဈေးနှုန်းကို သတ်မှတ်ဈေးထက် ၅၁ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့တဲ့ ဈေးဝယ်စင်တာ ၂၂ဆိုင်  မှ တာဝန်ရှိသူ ၄ဦး ကို ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ အရေးယူရာမှာ Aeon Orange ရဲ့ ဒါရိုက်တာ ဂျပန် နိုင်ငံသား Mr.Kasamatsu Hiroshi လည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါ ဂျပန်နိုင်ငံသား ကို ရန်ကုန်မြို့က ရဲစခန်းမှာ ထိန်းသိမ်းခံထားရကာ သက်ဆိုင်ရာက  စစ်ဆေးနေတယ်လို့သိရပါတယ်။

ပြည်တွင်းဆန်ဈေးကွက်မှာ သင့်တင့်မျှတတဲ့ ဈေး ကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းခဲ့တဲ့အတွက် နာမည်ကြီး City Mart ၊ One Stop Mart ၊ စိန်ဂေဟာတို့က တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့သလို  ပြည်တွင်းဆန်ဈေးကွက်မှာ သင့်တင့်မျှတတဲ့ ဈေး ကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကိုလည်း ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပ ဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်မယ်လို့ ဇွန်လ ၃၀ ရက်မှာ စကစ မှ ကြေညာခဲ့ပါတယ်။


Related posts

Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025