NEWS

Aeon Orange ဈေးဝယ်စင်တာရဲ့ဒါရိုက်တာ ဂျပန် နိုင်ငံသားကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တောင်းဆို

CoverLogo
876 Views

မြန်မာနိုင်ငံ အတွင်း ဆန်ဈေးနှုန်း ကို သတ်မှတ်ဈေးထက် များစွာ ဈေးတင်ရောင်းတဲ့ အ​ကြောင်းပြချက်နဲ့ Aeon Orange ဈေးဝယ်စင်တာရဲ့ ဒါရိုက်တာ ဂျပန် နိုင်ငံသား အဖမ်းခံထားရတာ နဲ့ ပက်သက်ပြီး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရနဲ့ရန်ကုန်ရှိဂျပန်သံရုံးတို့ က တောင်းဆိုထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက NHK ဂျပန်သတင်းဌာနကို ပြောကြားရာမှာ ဂျပန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို သိရှိပြီး အဆိုပါ ဂျပန်နိုင်ငံ သားကို ပြန်လွှတ်ပေးဖို့  မြန်မာစစ်တပ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆန်ဈေးနှုန်းကို သတ်မှတ်ဈေးထက် ၅၁ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့တဲ့ ဈေးဝယ်စင်တာ ၂၂ဆိုင်  မှ တာဝန်ရှိသူ ၄ဦး ကို ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ အရေးယူရာမှာ Aeon Orange ရဲ့ ဒါရိုက်တာ ဂျပန် နိုင်ငံသား Mr.Kasamatsu Hiroshi လည်း ပါဝင်ခဲ့ပါတယ်။

အဆိုပါ ဂျပန်နိုင်ငံသား ကို ရန်ကုန်မြို့က ရဲစခန်းမှာ ထိန်းသိမ်းခံထားရကာ သက်ဆိုင်ရာက  စစ်ဆေးနေတယ်လို့သိရပါတယ်။

ပြည်တွင်းဆန်ဈေးကွက်မှာ သင့်တင့်မျှတတဲ့ ဈေး ကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းခဲ့တဲ့အတွက် နာမည်ကြီး City Mart ၊ One Stop Mart ၊ စိန်ဂေဟာတို့က တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့သလို  ပြည်တွင်းဆန်ဈေးကွက်မှာ သင့်တင့်မျှတတဲ့ ဈေး ကွက်ဈေးနှုန်းထက်ပိုမိုပြီး ဈေးနှုန်းမြှင့်တင်ရောင်းခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကိုလည်း ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပ ဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်မယ်လို့ ဇွန်လ ၃၀ ရက်မှာ စကစ မှ ကြေညာခဲ့ပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026